images
UN
UN
အမေရိကန် လက်နက်မဲ့ Minuteman III တိုက်အချင်းချင်းကြားဒုံးလက်နက်စမ်းသပ်ပစ်လွှတ်
KK(IR) Thursday, 03 October 2019
အမေရိကန်အနေဖြင့် ပဲ့ထိန်းစနစ်ဖြင့် လိုရာလမ်း ကြောင်းအတိုင်း ပစ်လွှတ်ပြီးနောက် အလွတ်ပျံသန်း၍ ကျရောက်လာသော လက်နက်မဲ့ Minuteman III တိုက်အချင်းချင်းကြား ဒုံးလက်နက်ကို စမ်းသပ်ခဲ့ သည်ဟု အမေရိကန်စစ်တပ်က ယမန်နေ့တွင်ပြော ကြားခဲ့သည်။
ယင်းဒုံးလက်နက်ကို ဗိန်ဒန်ဘာ့ခ်ျ လေတပ်အခြေ စိုက်စခန်းမှ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၁၃ မိနစ်တွင် လွှတ်တင်ခဲ့ပြီး ယင်ဒုံးလက်နက်သည် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်သန်းပြီး မာရှယ်ကျွန်းရှိ ကွာဂျာလိန်အက်တိုးသို့ ကီလိုမီတာ ၆၇၅ဝ ခန့် ရောက်ရှိခဲ့သည်။ အမေရိကန်အနေဖြင့် ယင်းသို့ စမ်းသပ်လွှတ်တင်ခြင်းမှာ ဒေသဆိုင်ရာတင်းမာမှုများ သို့မဟုတ် ကမ္ဘာတွင် ဖြစ်ပေါ်နေသည်များကို တန်ပြန် သည့်အနေဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဟုလည်း ဖော်ပြခဲ့သည်။
ယမန်နေ့တွင်လည်း မြောက်ကိုရီးယားအနေဖြင့် ရေငုပ်သင်္ဘောဖြင့် လွှတ်တင်သော ပဲ့ထိန်းစနစ်ဖြင့် လိုရာလမ်းကြောင်းအတိုင်း ပစ်လွှတ်ပြီးနောက် အလွတ်ပျံသန်း၍ ကျရောက်လာသောဒုံးလက်နက်ကို လွှတ်တင်ခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲကာကွယ် ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။ ယင်းသို့ စမ်းသပ် လွှတ်တင်မှုမှာ အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများ ပြန်လည်ကျင်းပမည်ဟု အကြိုသဘော တူညီပြီးနောက် လွှတ်တင်ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မောဂန်အော်တာ ဂက်စ်က လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံဆွေး နွေးမှုများလုပ်ဆောင်မည်ဟု အတည်ပြုပြောကြားခဲ့ သည်ဟု သိရသည်။ Ref: CNA