images
UN
UN
ကျခတ်ငူကျေးရွာတွင် ရက်သားအရွယ်မိန်းကလေးတစ်ဦး(ချက်ကြိုးဖြင့်)အား စွန့်ပစ်ထား
နိုင်နိုင်(မွန်) Thursday, 03 October 2019
မွန်ပြည်နယ် ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာ အမှတ်(၂) ရပ်ကွက် တံတားကြီး အနီးရှိ ရေမြောင်းအတွင်း၌ ယမန်နေ့ နံနက် ၈နာရီခွဲက ရက်သားအရွယ် မိန်းကလေးငယ် တစ်ဦး (ချက်ကြိုးဖြင့်) စွန့်ပစ်ထားကြောင်း ကျေးရွာနေဒေါ်မိငယ်၏ အကြောင်းကြား ချက်အရ ကျခတ်ငူအုပ်ချုပ်ရေးမှူး ဦးထွန်း အုံနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အတူ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ ကလေးငယ်အား အုပ်ချုပ်ရေး မှူးနှင့် သက်ဆိုင်ရာအဖွဲ့ဝင် ခြောက်ဦးက ပေါင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကလေးငယ်အတွက် ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပေးခဲ့သည်။
ထို့နောက် ပေါင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးဦးမျိုးကိုကိုနှင့်အဖွဲ့က ကလေးငယ် အား သွားရောက်ကြည့်ရှုခဲ့ရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊ကလေးငယ်အား ကျခတ်ငူရွာနေ ဦးမြင့်ဝင်း-ဒေါ်ခင်မေသန်း တို့က မွေးစားချင်ပါကြောင်း ပြောကြားရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာန၏ အကြောင်းပြန်ကြားချက် အဖြေတစ်ခုခုရရှိ မှသာ မွေးစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ ပေါင်မြို့နယ်အနေဖြင့် ကလေးစွန့်ပစ်မှုမှာ ယနေ့အချိန်ထိ နှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။။