images
UN
UN
စလင်း၌ ရှေ့တန်းပြန်တပ်မတော်သားများကို ကြိုဆို
စစ်ကြည်(စလင်း) Thursday, 03 October 2019
မကွေးတိုင်းဒေသကြီး စလင်း မြို့ တောစိမ့်ကျေးရွာ စလင်းတပ် နယ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ရှေ့တန်းတာဝန်များပြီးဆုံး၍ မိခင် တပ်ရင်းဌာနချုပ်သို့ အောင်ပွဲများ နှင့်အတူပြန်လာသော အမှတ် (၂၅၅)ခြေလျင်တပ်ရင်းမှ တပ်ရင်း မှူး ဦးဆောင်သည့် စစ်သည်များ အား ကြိုဆိုခဲ့ကြသည်။
အဆိုပါရှေ့တန်းပြန်တပ်မတော် သားများအား ကြိုဆိုရာ၌ စလင်း မြို့နယ်ရှိဌာနဆိုင်ရာဝန်ထမ်းများ၊ စလင်းပြည်ခိုင်ဖြိုးပါတီမှ ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြိုင်နှင့်ပါတီဝင်များ၊ သီဟသွေးမောင်မယ်များ၊ တော စိမ့်ကျေးရွာမှ ဒေသခံပြည်သူများ က အောင်သပြေပန်းများကမ်း၍ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။