images
UN
UN
အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၅ဝဝ)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား အခမဲ့ဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်
Thursday, 03 October 2019
ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၂)တပ်မတော်စစ်ဆေးရုံခုတင်(၅ဝဝ)မှ တပ်မတော်နယ်လှည့်ဆေးကုသ ရေးအဖွဲ့အထူးကုဆရာဝန်ကြီးများဦးဆောင်၍ ရန်ကင်းမြို့နယ်အတွင်းနေထိုင်သော ရဟန်းရှင်လူ၊ ပြည်သူ များအား အခမဲ့ ဆေးကုသပေးခြင်းလုပ်ငန်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် မိုးကောင်းစေတီတော် ဝင်းအတွင်းရှိ အရိယာဓမ္မာရုံကြီး၌ ယနေ့နံနက် ၈ နာရီမှညနေ ၄ နာရီထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရဟန်း ရှင်လူ၊ ပြည်သူများအား ဆေးမှတ်ပုံတင် ပေးခြင်း၊ ဆေးကုသပေးခြင်း၊ ခွဲစိတ်ပေး ခြင်း၊ မျက်စိစစ်ဆေးပေးခြင်း၊ ဓာတ်မှန် ရိုက်ပေးခြင်း၊ သားဖွားမီးယပ်ပညာပေး ခြင်း၊ သွားများစစ်ဆေးပေးခြင်း၊ ကလေး ငယ်များအား ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ အထွေထွေရောဂါများ ကုသပေးခြင်း နှင့် လိုအပ်သော ဆေးဝါးများပေးခြင်း တို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ကြက်သား၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ ပြည်သူများအဆင်ပြေစေရန် လျှော့ဈေးများ ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း