images
UN
UN
လောင်စာဆီရန်ပုံငွေရပ်တန့်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ ဗြိတိန်ဘဏ္ဍာရေးအဆောက်အအုံအပြင်ဘက် သွေးတုများပက်ဖျန်း
KK(IR) Friday, 04 October 2019
သဘာဝပတ်ဝန်းကျင်အရေး ဆန္ဒပြသူများသည် လောင်စာဆီ ရန်ပုံငွေကို ဆန့်ကျင်ဆန္ဒပြရန် အောက်တိုဘာလ ၂ ရက်တွင် လန် ဒန်ရှိ ဗြိတိန်ဘဏ္ဍာရေးအဆောက် အအုံအပြင်ဘက်တွင် မီးသတ်ကား ကိုအသုံးပြုပြီး သွေးတုများကို ပက် ဖျန်းခဲ့ကြသည်ဟု သိရသည်။
ယင်းအဖွဲ့သည် ထရပ်ကား တွင် ရာသီဥတုပြောင်းလဲဆိုးရွား စေသော ရန်ပုံငွေပေးအပ်ခြင်းများ ကို ရပ်ဟူသော စာတမ်းများနှင့် ဆန္ဒပြမှုကို ဖေ့စ်ဘွတ်တွင် live လွှင့်ခဲ့သည်။ ယင်းသို့ လုပ်ဆောင် မှုအတွက် လူလေးဦးအဖမ်းခံခဲ့ရ သည်။ ကမ္ဘာကြီးအနေဖြင့် ရာသီ ဥတုနှင့်ပတ်သက်ပြီး အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရသည်ကို ၄င်းအနေဖြင့် သဘောတူကြောင်း၊ ၄င်းအနေဖြင့် ဆန္ဒပြသူများကို ကိုယ်ချင်းစာကြောင်း၊ ၄င်းတို့အနေ ဖြင့် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က ဗြိတိန်ရေဒီယိုတွင် ပြောကြားခဲ့ သည်ဟု သိရသည်။Ref: UPI