images
UN
UN
သီတင်းကျွတ်မှာအလုပ်နဲ့ခရီးသွားဖြစ်မှာဆိုတဲ့ သရုပ်ဆောင် နော်ဖောအယ်ထား
အဖြူရောင် Friday, 04 October 2019
သီတင်းကျွတ်မှာတော့အလုပ် နဲ့ပဲခရီးသွားဖြစ်မှာလို့သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပြခဲ့ပါ တယ်။
ကိုရီးယားမလေးလိုချစ်စရာ ကောင်းတဲ့သရုပ်ဆောင်နော်ဖော အယ်ထားက သီတင်းကျွတ်ကာလ မှာခရီးတွေသွားရမှာဖြစ်ပြီး တိုင်း ရင်းသူလေး တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နော်ဖောအယ် ထားရဲ့ အပြုံးလေးတွေကြောင့် ပရိသတ်ကလည်း သည်းသည်း လှုပ်အချစ်ခံရသူလေးဖြစ်ပါတယ်။
''သီတင်းကျွတ်ကတော့ ခရီး သွားပြီး အလုပ်လုပ်ဖို့ပဲရှိတာပါ အဓိကကတော့ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စင်ကာပူကိုလည်းသွားဖို့ ရှိပါတယ်။ ပြန်ရောက်တာနဲ့ မန္တလေးကို ပရိသတ်တွေနဲ့တွေ့ဆုံ ဖို့ Sunkist မိသားစုနဲ့သွားဖို့ရှိ တယ်။အခုပြသနေတဲ့ညီမရဲ့ ဇာတ် လမ်းတွဲကို ကြည့်ရှုနေတဲ့ပရိသတ် တွေကိုတွေ့ဖို့ရှိတယ်။ စင်ကာပူက Viber ကလုပ်တဲ့ Event ပေါ့၊ နိုင်ငံ တကာအနုပညာရှင်တွေလည်းပါ မယ်။ မြန်မာနိုင်ငံကအနုပညာရှင် တွေလည်းပါမယ်။ ညီမနဲ့အတူ မမေတိုးခိုင်တို့ဘုန်းသီရိကျော်တို့ အတူသွားဖို့ရှိပါတယ်။သူငယ်ချင်း နဲ့က ခရီးကသွားနေကျဆိုတော့ အထူးတလည်ကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ အခုက မြန်မာနိုင်ငံမှာ မဟုတ်ဘဲနိုင်ငံခြားမှာလုပ်တဲ့ပွဲဆို တော့ ရင်ခုန်နေပါတယ်''ဟုပြော ပြခဲ့ပါတယ်။
လက်ရှိမှာတော့နော်ဖောအယ် ထားက ''ပျောက်ဆုံးနေသော အမှန်တရား''ဇာတ်လမ်းတွဲမှာ သုဒြာအဖြစ် သရုပ်ဆောင်ထားပြီး အနုပညာလှုပ်ရှားမှုများအနေဖြင့် ''အနုပညာလှုပ်ရှားမှုကတော့ ကြော်ငြာလေးတွေလက်ခံထားတာ ရှိတယ်။ ပွဲတက်လေးတွေ လက်ခံ ထားတာရှိတယ်။ ပြီးတော့ ဒီဇင် ဘာလပိုင်းမှာ ရိုက်ကူးမယ့် ဇာတ် လမ်းတွဲအတွက် ပြင်ဆင်နေပါ တယ်။ ဇာတ်လမ်းတွဲကိုတော့ နိုဝင်ဘာလထဲမှာစာနယ်ဇင်း ညီ အစ်ကို မောင်နှမတွေနဲ့မိတ်ဆက် သွားမှာပါ။အဓိကကတော့ညီမကာ ရိုက်တာနဲ့လိုက်မယ့်ပုံစံပေါ့၊အသစ် တစ်ယောက်အနေနဲ့ လုပ်နိုင်ပါ့ မလားဆိုတော့ အခုမှဇာတ်လမ်းပြ တဲ့အခါမှာလိုက်ပြီးတော့မှ လုပ်နိုင် တဲ့အနေအထားပေါ်မူတည်ပြီးမှ ဇာတ်တွေကလာတယ်။အဲ့ဒီပေါ်မှာ မှ ကာရိုက်တာမထပ်သွားအောင် ရယ်၊ အမြဲတမ်း ဒီကာရိုက်တာဆို တာပရိသတ်တွေရိုးသွားမှာကြောက် လို့ရယ် ကိုယ်ကိုယ်တိုင်ကစိတ် ရောကိုယ်ရောနှစ်ပြီး ရိုက်နိုင်တဲ့ ကာရိုက်တာမျိုးကို ရွေးချယ်ပြီး တော့ရိုက်ကူးဖြစ်ပါတယ်''ဟု နော် ဖောအယ်ထားကပြောသည်။