images
UN
UN
ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ် ဆင့်ပွားမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂ဝ၁၉)ဖွင့်ပွဲသို့တက်ရောက်
ခင်နီနီအောင် Friday, 04 October 2019
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ကရင်ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကိုသည် ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်တွင် လှိုင်းဘွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပသော မဲရုံကိုယ်စားလှယ်/အကူကိုယ်စားလှယ် ဆင့်ပွား မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)သင်တန်းဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ဘားအံခရိုင် ပါတီဥက္ကဋ္ဌနှင့် ပါတီ ကော်မတီဝင်များ၊ လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်းသူ ၅ဝစုစုပေါင်းအင်အား ၆ဝ တက်ရောက်ခဲ့ပြီး နံနက် ၁ဝ နာရီခွဲတွင် သင်တန်းဖွင့်ပွဲ အခမ်း အနား ပြီးဆုံးခဲ့ကြောင်း သိရသည်။