images
UN
UN
စလောင်းကုန်းရွာ အမက၌ ပြည်ခိုင်ဖြိုးပါတီက မုန့်ဟင်းခါးကျွေးမွေး
စစ်ကြည်(စလင်း) Friday, 04 October 2019
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ရွာမကောကျေးရွာ အုပ်စု စလောင်းကုန်းကျေးရွာ အမကကျောင်း၌ ယမန်နေ့နံနက် က စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုများက ကျောင်းသား ကျောင်းသူများကို အာဟာရဒါနအဖြစ်မြန်မာ့ရိုးရာမုန့်ဟင်းခါး ဖြင့် ကျွေးမွေးခဲ့သည်။
အဆိုပါ စလောင်းကုန်းကျေးရွာ အမက၌ ကျောင်းသား ကျောင်းသူကလေးငယ်များအား မုန့်ဟင်းခါးကျွေးမွေးရာသို့ စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးဇော်နိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လာရောက်အားပေးတက်ရောက် ခဲ့သည်။ စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ဤသို့ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို အခါအားလျော်စွာ လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။