images
UN
UN
လောကအလှ ဖန်ဆင်းရှင် (ကဗျာ)
Sunday, 06 October 2019
* ပန်းဥယျာဉ်မှာ ရောင်စုံဖြာ၍
သာယာတင့်ဆန်း ပန်းမျိုးစုံစွာ
ပွင့်လန်းလာအောင် ပျိုးထောင်ပြုစု
အားထုတ်မှုမှာ ဥယျာဉ်မှူး၏
ထူးသည့်ပညာ စေတနာပင်။
* ပညာသုတ စာရိတ္တနှင့်
လောကကောင်းကျိုး သယ်ဆောင်ပိုးကာ
တိုးတက်စေချင် မေတ္တာရှင်၏
ဂုဏ်အင်ဆန္ဒ အနန္တကြောင့်
သိပ္ပတတ်သိ တပည့်များစွာ
ပေါ်ထွန်းလာသည်
ဆရာသခင် ဦးထိပ်တင်။
* တပည့်မရှား တစ်ပြားမရှိ
ပီတိရိက္ခာ ချွေးနှဲစာဖြင့်
ချွေတာသုံးစား ဘဝအားမာန်
ပညာÓဏ်ဖြင့် ရှင်သန်နိုးကြား
လေးစားဖွယ်ပင် ကရုဏာရှင်။
* ဆရာဟူသည် နှလုံးရည်ဖြင့်
ရင်းတည်လှုပ်ရှား ရှေ့ဆောင်သွားကာ
မားမားထင်ထင် လမ်းသစ်ထွင်၍
ခေါ်ငင်လက်ကမ်း ပညာနန်းသို့
လမ်းပြပို့ဆောင် ဤလူ့ဘောင်ဝယ်
နောင်ခါအတွက် မျိုးဆက်များစွာ
ပေါ်ထွန်းလာအောင်
တည်ထောင်ကြိုးပမ်း စွမ်းဆောင်ချင်။
လောကအလှ ဖန်ဆင်းရှင်...။
ခိုင်ခိုင်နွယ်(ပညာရေး)