images
UN
UN
အဆိုးနဲ့ အကောင်း
ချစ်နိုင်(စိတ်ပညာ) Sunday, 06 October 2019
ဖြစ်ရပ်မှန်
လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝဝ ကျော်က တကယ့်ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အကျဉ်းချုပ်ကောက်နုတ်ဖော်ပြချင်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ဆင်းရဲတဲ့အလုပ်ကြမ်း သမားတစ်ယောက်ရှိတယ်။ သူ့နာမည်က Cluck ကလတ်တဲ့။ သူ့မှာ မိသားစုရှိပါ တယ်။ ဇနီးရယ်၊ သားသမီး ကိုးယောက် ရယ်၊ မိသားစုဝင် ၁၁ယောက်အတွက် အလုပ်ကြမ်းလုပ်ကိုင်ပြီး အိမ်ထောင်ဦးစီး အနေနဲ့ လုပ်ကိုင်ကျွေးမွေးရတာ မချောင် လည်ဘူး။ အမေရိကန်မှာတော့ အလုပ် အကိုင်အခွင့်အလမ်းတွေပေါသတဲ့။ သတင်း တွေကြားရတယ်။ သူ့မိန်းမနဲ့ကလေးတစ်ပြုံ ကြီးကိုခေါ်ပြီး အမေရိကားမှာသွားအလုပ် လုပ်ရရင်ကောင်းမှာပဲလို့ သူစဉ်းစားတယ်။
သူ့မိန်းမကို တိုင်ပင်တယ်။ လက်ရှိ ဘဝက ဆင်းရဲမွဲတေလွန်းလို့ အမေရိကား ကို မိသားတစ်စုလုံးသွားပြီး နေထိုင်လုပ် ကိုင်ဖို့ ဇနီးကလည်း သဘောတူတယ်။ ဒီတော့ လင်မယားနှစ်ယောက်အလုပ်မျိုးစုံ လုပ်ပြီး ငွေရှာတယ်။ ငွေစုတယ်။ အင်္ဂလန် မှ အမေရိကန်သို့ သင်္ဘောခအတွက်စုကြ တာသုံးနှစ်ကျော်ကြာမှ ခရီးစရိတ်အတွက် လုံလောက်တဲ့ငွေကြေးလေးရလာတယ်။ သင်္ဘောလက်မှတ်တွေဝယ်၊ ခရီးသွားလာ ခွင့် Passport ပြည်ဝင်ခွင့်စတဲ့ စာရွက် စာတမ်းတွေ ထောက်ခံစာတွေ၊ စာရွက်စာ တမ်းတွေပြီးစီးအောင်လုပ်ပြီး ပြည့်ပြည့်စုံစုံ လုပ်ပြီးတော့ စိတ်ကူးနဲ့တင်မိသားစုတစ်စုလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြတယ်။ ဒီခရီးကို သွားနိုင်ဖို့အရေး သုံးလေးနှစ်လောက်ချွေ ချွေတာတာစိစစ်စုဆောင်းခဲ့ရတယ်။ အခု အဆင်ပြေပြီ။
လင်မယားနှစ်ယောက် အဆင်းရဲခံပြီး အလုပ်မျိုးစုံမနားတမ်းအလုပ်လုပ်ခဲ့တဲ့ ပင် ပန်းမှုတွေအားလုံးမေ့ပြီး ပျော်နေကြတယ်။
ကံဆိုးရှာ
သင်္ဘောမထွက်မီ တစ်ပတ်အလိုမှာ အငယ်ဆုံးကလေးကို ခွေးကိုက်ခံလိုက်ရ တယ်။ ဆရာဝန်က ဒီကလေးကို ဆေးထိုး ပေးတယ်။ ဒါပေမဲ့ တခြားသူတွေကို ခွေးရူးပြန်ရောဂါကူးစက်မှာ စိုးလို့ဆိုပြီး ကျန်းမာရေးဌာနက သူတို့အိမ်ကို ချိတ် ပိတ်လိုက်ပါတယ်။ သူတို့မိသားစုဝင်များ အားလုံး အိမ်ပြင်မထွက်ရပါ။ လုံခြုံရေး အစောင့်တွေလည်း နေ့နေ့ညညဂျူတီ အလှည့်ကျနဲ့ စောင့်နေကြတယ်။ ကလပ်နဲ့ သူ့ဇနီးဟာ အိမ်မှာတင် နှစ်ပတ်အကျယ် ချုပ်ကျနေပြီ။
အမေရိကားကို သွားဖို့ရာ လက်မှတ် တွေဝယ်ထားပြီးပါပြီ။ ဒီနေ့ဒီရက် သင်္ဘော ဆိပ်ဆင်းပါရစေလို့ တောင်းပန်တောင်းခံ

ပေမယ့်လည်းကျန်းမာရေးစည်းမျဉ်းဥပဒေ အရ သွားလာခွင့်မပြောနဲ့ အိမ်နီးချင်းအိမ် ကိုတောင် သွားခွင့်မရှိဘူး။ ငါတို့ကံဆိုးတာ ပဲဆိုပြီး လင်မယားနှစ်ယောက်အကြီး အကျယ်စိတ်ဒုက္ခရောက်ကြရှာတာပေါ့။
သင်္ဘောထွက်ရက်ထက်တစ်ပတ်ကျော် မှ (ခွေးရူးကာကွယ်ဆေးက ချက်ပတ်လည် ဝမ်းဗိုက်မှာ နေ့စဉ်ရက်ဆက် ဆေး ၁၅ ချောင်းထိုးရတာမျိုး။ အဲဒီလွန်ခဲ့တဲ့ အနှစ် ၁ဝဝ က ဆေးကုသမှုသဘော)အိမ်သူအိမ် သားတွေအိမ်ပြင်ထွက်ခွင့်ရပါတယ်။ လက် မှတ်ဖိုးလည်း ဆုံးပြီ။ နောက်ထပ်ခရီးစရိတ်
ရအောင် နှစ်အတော်ကြာအောင်အပင်ပန်း အဆင်းရဲခံပြီး အလုပ်လုပ်ငွေစုရဦးမယ်။ လက်မှတ်ဝယ်ထားတဲ့သင်္ဘောကတော့သူ့ ရက်စွဲအတိုင်းထွက်ခွာသွားခဲ့ပြီးပြီ။
ငါတို့ကံဆိုးလေစွ။သားအငယ်ဆုံးလေး ကိုလာကိုက်တဲ့ခွေးရူးကိုလည်း ကျိန်ဆဲလို့ မဆုံးဘူး။ဒီခွေးကြောင့်အမေရိကားသွားရမဲ့ အစီအစဉ်တစ်ခုလုံးရေစုန်မျောပျက်စီးသွားပြီ။ ဘုရားသခင်မတရားဘူးပြောနေမိကြတယ်။
ဘုရားသခင်ကိုကျေးဇူးတင်လို့မဆုံးပါ လို့ဖြစ်လာရပြန်ပါတယ်။ သူတို့အသက်ကို ကံကောင်းစွာဖယ်ပေးလို့တဲ့။ ခွေးရူးကို လည်းကျေးဇူးတင်နေကြပြန်ပါရော။
ကံကောင်းတာ
သူတို့လိုက်ပါစီးနင်းကြရမယ့်သင်္ဘောက ၁၉၁၂ခုနှစ် ဧပြီလ၁ဝရက်နေ့မှာ အင်္ဂလန် နိုင်ငံ၊ ဆော့သ်သင်ပတန်ဆိပ်ကမ်းက ခရီး သည်၂ဝဝဝကျော်နဲ့အမေရိကားသို့ ထွက်ခွာ ခုတ်မောင်းသွားတာငါးရက်ကြာတဲ့ ဧပြီ ၁၅ရက်(မြန်မာရက်ဆိုသင်္ကြန်တွင်းကျတယ်) သင်္ဘောကြီးဟာ မြောက်အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ ရေခဲတောင်နဲ့တိုက်မိပြီးနစ် မြုပ်သွားခဲ့တယ်။ ခရီးသည်ပေါင်း ၁၅ဝဝ ကျော်အသက်ဆုံးရှုံးခဲ့ကြတယ်။ကမ္ဘာကျော် ဇိမ်ခံသင်္ဘောကြီး(Titanic) တိုင်တန်းနစ် ဖြစ်ပါတယ်။ မင်းသားလီယိုနာဒိုဒီကပ်ပရီ ယိုနဲ့ မင်းသမီးကိတ်ဝင်းစလက်တို့ပါဝင်တဲ့ တိုင်တန်းနစ်ရုပ်ရှင်ရိုက်ကူးသရုပ်ဖော်တဲ့ မူရင်းတကယ့်ဖြစ်ရပ်မှန်အဖြစ်အပျက်ပဲလေ။
ရေနစ်ပြီးသေဆုံးနိုင်မယ့် ဘေးအန္တရာယ်မှ အလိုလိုလွတ်ကင်းအောင် အငယ်ဆုံးသား လေးကိုလာကိုက်တဲ့ခွေးရူးကိုက်မှုဟာ ကံ ကောင်းနေပြန်ပါရော။ ကံဖယ်တယ်ပေါ့။
ရက်သတ္တတစ်ပတ်ကျော် ဆယ်ရက် လောက် ငါတို့ဘဝကံဆိုး၊ ငါတို့ဘဝကံဆိုး လှလေစွဆိုပြီးစိတ်ညစ်ခဲ့ရသမျှဟာမဟုတ် တော့ပြန်ပါလား။ ငိုရတဲ့မျက်ရည်တွေ၊ စားမဝင်အိပ်မပျော်စိတ်ဖိစီး၊စိတ်ရှုပ်ထွေး၊ စိတ်ညစ်ခဲ့ရတာတွေဟာအပိုတွေပါလား။မြင်လိုက်ကြရပြီ။
အဆိုးထဲမှအကောင်း
အဆိုးထဲမှာလည်းအကောင်းရှိတတ်သေး တယ်။ ငါ့ဘဝကံဆိုးလှပါလားလို့ချည်း ထင်မှတ်မနေနဲ့။ ရုပ်ဖျက်လာတဲ့ကံကောင်း ခြင်းမင်္ဂလာဆိုတာ ရှိတတ်သေးကြောင်း မစ္စတာကလပ်တို့ရဲ့ဖြစ်ရပ်မှန်က သက်သေ ပြနေတယ်။
ဒီအကြောင်းကိုဘာလို့ပြောပြရတာလဲ ဆိုရင်မနေ့တစ်နေ့က ကမ္ဘာ့ကုလသမဂ္ဂညီ လာခံအစည်းအဝေး မဲခွဲဆုံးဖြတ်ချက်အရ ကုလသမဂ္ဂတပ်ပေါင်းစုက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဝင်ရောက်နေရာယူပြီး လူမျိုး ခွဲခြားဖိနှိပ်သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ ဘူး သီးတောင်၊မောင်တောမြို့နယ်များသို့နေရပ် ပြန်လူမျိုးခြားတွေ ပြန်လာထားမယ်ဆိုပဲ။ ဂျာမနီနိုင်ငံမှဒွိုက်ခ်ျဝယ်လာ(D.W) ရုပ်မြင် သံကြားသတင်းက နယ်မြေကွင်းဆင်း ဆောင်းပါးသတင်းအရ အဲဒီ သောင်းနဲ့ချီ တဲ့ဒုက္ခသည်ဆိုသူတွေကြားမှာ အာဆာ (ARSA)အကြမ်းဖက်သမား၃၅ဝဝလောက် ကိုယ်ရောင်ဖျောက်ပြီး စိမ့်ဝင်ရောက် ရှိနေပြီးပြီလို့ ဆိုပါတယ်။
မြန်မာပြည်ကိုများ သာလာယံဇရပ် အောက်မေ့နေလေသလားမသိ။ ကိုယ့် နိုင်ငံသားမဟုတ်တဲ့လူမျိုးခြား၊ ဘာသာ ခြား၊ နိုင်ငံမဲ့၊ ခြေသလုံးအိမ်တိုင်ဆင်းရဲ သားများ ရာ၊ထောင်၊သောင်းဦးရေကို ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်က ကာ ကွယ်စောင့်ရှောက်ပြီး လာပို့မယ်ဆိုပါ လား။ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရေး ကြတာတွေပလူပျံနေသလို မှတ်ချက်ပေး လိုက်ကြတာကလည်း မနည်းပါဘူး။ ဆဲ တာဆိုတာတွေရော၊ ပုဂ္ဂိုလ်တချို့နဲ့ လက် ရှိအုပ်ချုပ်နေသူကို အလိုမကျ၊ ဒေါသ ထွက်၊ အပြစ်တင်နေကြတာတွေရော၊ ပြည်သူ့အသံပဲပြောပြော၊ ပေါက်တတ် ကရတွေလည်းပါတယ်ဆိုချင်ဆို၊ စိတ် လှုပ်ရှား၊ စိုးရိမ်သောကပွားနေကြတာ တော့ တွေ့ရတယ်။
ခံစားချက်များ
အဆိုးမြင်သဘောထား ရှိသူတွေရဲ့ ညည်းတွားသံတွေလည်း အများကြီးပဲ။ ကျွန်တော်ဖြင့် ကြောက်တယ်။ ကျွန်မဖြင့် သေချင်စော်နံတာပဲဆိုတဲ့ ရေးသားတာတွေ လည်းတွေ့ရတော့ ဒီလောက်ထိတ်လန့်တုန် လှုပ်စရာတော့ မလိုပါဘူး။ ကိုယ့်ဆီက ကြောက်တယ်ဆိုရင်ဟိုက ဖြဲခြောက်လာ လေလေပဲ။
မြို့ကြီးပြကြီးတွေထိအောင် ဖောက် ခွဲဖျက်ဆီးမယ် သတိထားဆိုတာလည်း တစ်မျိုး။ မန္တလေးမြို့မှာ ပေါက်ကွဲယမ်း အားမြင့်နဲ့စနက်တံတွေ ကြောက်စရာ ကောင်းတဲ့အရေအတွက် ဖမ်းဆီးရမိတဲ့ သတင်းကြောင့်ရယ်၊ သတင်းစာဖတ်တဲ့ လူတွေက သတိဝီရိယရှိရမယ့်အချိန်ဆိုတာ သိနေကြပြီ။ သတင်းစာ၊ ရေဒီယို၊ ရုပ် မြင်သံကြား၊စာနယ်ဇင်းများနဲ့ဝေးကွာလှမ်း ကြတဲ့သာမန်ပြည်သူပြည်သားသန်းပေါင်း ၅ဝကျော်ကတော့ ကြားလည်းမကြား။ သိလည်းမသိ။ သတိလည်းမထားမိ။
နားစွန်နားဖျားကြားတာကိုပဲ ဘာမှ ခိုင်လုံတဲ့အထောက်အထားမရှိဘဲ စွတ်ပြီး ယုန်ထင်ကြောင်ထင်မှတ်ယူတတ်သေးတယ်။
ဘာမသိညာမသိ၊ စွဲမိစွဲရာ၊ ထင်မိ ထင်ရာ သူတစ်ပါးပြောတာလေးနဲ့ စိတ် လှုပ်ရှားတာ၊ ကြောက်ရွံ့တာ၊ ထိတ်လန့် တာ၊ စိုးရိမ်တာ ဘာမှမဖြစ်ကြလေနဲ့။ လောကသဘာဝအရ အကောင်းထဲမှာ လည်း အဆိုးပါတတ်တယ်။ အဆိုးထဲ မှာလည်း အကောင်းရှိတတ်သေးတယ်။ အကောင်းနဲ့အဆိုးဟာ ရံဖန်ရံခါ ဒွန်တွဲ နေတတ်ကြပါတယ်။အကြောက်လွန်စရာ မလိုပါ။အစိုးရိမ်မလွန်ကဲမိပါစေနဲ့။
ဒွန်တွဲနေတယ်