images
UN
UN
ဂိုးသမားလိုရစ်၏ ဒဏ်ရာပြဿနာကို စပါးအသင်းအတည်ပြု
Sunday, 06 October 2019
ဘရိုက်တန်အား သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် ဂိုးသမား လိုရစ် လက်ဒဏ်ရာရရှိခဲ့ကြောင်း စပါးအသင်းက အတည်ပြုခဲ့သည်။ လိုရစ်သည် အဆိုပါပွဲစဉ်၏ အစောပိုင်းကာလတွင် ဒဏ်ရာရရှိသွားခဲ့ ခြင်းဖြစ်ပြီး ဒေသတွင်းဆေးရုံသို့တက်ရောက်ကာ ကုသမှုခံယူခဲ့ရသည်။ လိုရစ်သည် အဆစ်လည်သွားခဲ့ခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကာ ကာလရှည်အနားယူရမည့် အခြေအနေတွင် ရှိနေ သည်။ ပွဲချိန်အစောပိုင်း၌ လိုရစ်ဒဏ်ရာရရှိသွားခဲ့ခြင်းက ပွဲအပေါ်ရိုက် ခတ်မှုကြီးမားခဲ့သည်ဟု စပါးနည်းပြပိုချက်တီနိုက ပြောကြားခဲ့ပြီး ¤င်း၏ နေရာတွင်အစားဝင်သော ဂိုးသမားနှင့်အသင်းကြား အသားမကျခဲ့ဟု ဝန်ခံသွားခဲ့သည်။
Ref;Mirror