images
UN
UN
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ကြုံတွေ့နေသောစိန်ခေါ်မှုများ
ပြည့်ဖြိုးနိုင် Sunday, 06 October 2019
ယမန်နေ့မှအဆက်
ဗြိတိသျှတို့၏ ခွဲခြားအုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ မျိုးနွယ်စုမတူညီ သော တိုင်းရင်းသားများအားလုံးပေါင်းစု ကာ အမျိုးသားရေးစိတ်ဓာတ်များပြင်း ထန်မှုနှင့်အတူ အပြောင်းအလဲများစတင် ဖြစ်ပေါ်လာခဲ့သည်။ မြေပြန့်နှင့်တောင် တန်းဒေသများကြားတွင်ခွဲခြားထားသည့် အုပ်ချုပ်မှုပုံစံရှိနေသော်လည်း တိုင်းရင်း သားအားလုံးပါဝင်သည့် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်လာခြင်းသည်ဗြိတိသျှ တို့အား လက်နက်ကိုင်တိုက်ပွဲဝင်ရန်တွန်း အားဖြစ်စေခဲ့သည့် မောင်းနှင်အားတစ်ခု ဟု သတ်မှတ်ရဖွယ်ရှိသည်။
ဗမာတိုင်းရင်းသားများနှင့်အခြားတိုင်း ရင်းသားများကြားတွင် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုများအပေါ် တုံ့ပြန်လိုစိတ် များတူညီစွာဖြစ်ပေါ်လာခဲ့ခြင်းသည် လွတ်လပ်ရေးရယူလိုသည့်စိတ်များမွေး ဖွားလာစေရန်အထောက်အကူဖြစ်စေခဲ့ သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဗမာ အမျိုးသားရေးဝါဒီများက ဂျပန်များနှင့် လက်တွဲကာ ဗြိတိသျှတို့အား တိုက်ထုတ် ကာ လွတ်လပ်ရေးရယူရန်ကြိုးပမ်းခဲ့ သည်။ သို့သော် ဂျပန်တို့က လွတ်လပ် ရေးပေးမည့်သဘောထားမျိုးပြသခြင်း မရှိ၍ ဗြိတိသျှတို့နှင့်ပြန်လည်ပူးပေါင်း ကာ ဂျပန်တို့အားတိုက်ထုတ်ခဲ့ရာ၌ တိုင်း ရင်းသားများကလည်း လက်တွဲပါဝင်ခဲ့ ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည်နယ်ပင်လုံမြို့၌ ညီလာခံတစ်ရပ်ကျင်းပကာ မြန်မာနိုင်ငံ ၏ လွတ်လပ်ရေးဖခင်ဟုသတ်မှတ်ခဲ့ကြ သော ဗိုလ်ချုပ်အောင်ဆန်းက ကချင်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် များနှင့်တွေ့ဆုံကာ ပြည်မနှင့်တောင်တန်း ဒေသပူးပေါင်း၍ လွတ်လပ်ရေးရယူရန် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ပြည်နယ်များနှင့်တိုင်းရင်း သားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များပါဝင်သောအာဏာ ခွဲဝေမှုများပြုလုပ်ပေးမည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်မည်ဟု အဆို ပြုခဲ့ပြီး ပင်လုံစာချုပ်ဟုခေါ်ဆိုကြသော စာချုပ်အား ချုပ်ဆိုခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ် ချုပ်အောင်ဆန်းလုပ်ကြံသတ်ဖြတ်ခံရပြီး နောက် ဗမာနိုင်ငံရေးသမားများအနေဖြင့် တိုင်းရင်းသားများအလိုရှိနေသော ကိုယ် ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်ကို မျက် ကွယ်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံအား လွတ်လပ်ရေးရရှိစေခဲ့သည့် ၁၉၄၇ ခုနှစ် က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်း၌ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် အခြေခံကောင်းများပါရှိခဲ့ခြင်းမရှိ ဟု သတ်မှတ်ခဲ့ကြသည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိ ခဲ့သော မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးနောက် လအနည်းငယ်ခန့်အကြာ တွင် ရောင်စုံသောင်းကျန်းသူများ၏ အန္တ ရာယ်နှင့်ရင်ဆိုင်ခဲ့ရသည်။ ကရင်တိုင်း ရင်းသားအများစုပါဝင်သော KNDO အဖွဲ့နှင့် ကွန်မြူနစ်သူပုန်များသည် မြန်မာ နိုင်ငံအတွင်းရှိ မြို့ရွာများကိုသိမ်းပိုက်ခဲ့ ကြသည်။ တစ်နိုင်ငံလုံးနီးပါးအားရောင်စုံ သူပုန်များကသိမ်းပိုက်မည့်အလားအလာ များပေါ်ထွက်လာခဲ့သည့်အပြင် အစိုးရ အဖွဲ့၏ သြဇာသက်ရောက်သည့်နယ်မြေ မှာ ရန်ကုန်မြို့ပတ်ဝန်းကျင်သာ ကျန်ရှိ တော့၍ ရန်ကုန်အစိုးရဟု ခေါ်ဆိုခဲ့ကြ သည့်အနေအထားသို့ရောက်ရှိခဲ့သည်။ သို့ သော် တပ်မတော်က ရောင်စုံသူပုန်များ သိမ်းပိုက်ထားသည့်မြို့ရွာများကို ပြန် လည်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့်သာ မြန်မာနိုင်ငံ၏သမိုင်းတစ်ဆစ်ချိုးမပြောင်း ခဲ့ခြင်းဖြစ်သည်။
၁၉၅ဝ ပြည့်လွန်နှစ်များသို့ရောက်ရှိ လာချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများကြောင့်
အကျပ်အတည်းကြီးမားသည့်အနေအထား သို့ရောက်ရှိလာခဲ့သည်။ လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တပ် မတော်သည်နိုင်ငံအတွက်အရေးကြီးသည့် အခန်းကဏ္ဍသို့ပိုမိုရောက်ရှိလာခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် တပ်မတော်အား နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ် များလုပ်ဆောင်ရန်အတွက် အရပ်သား ဝန်ကြီးချုပ်ဖြစ်သော ဦးနုက နိုင်ငံတာဝန် များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲ၌ အနိုင်ရရှိ ၍ ဦးနုဝန်ကြီးချုပ်ပြန်ဖြစ်လာခဲ့သော် လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော်အာဏာအား သိမ်း ယူခဲ့သည်။ အာဏာသိမ်းယူပြီးနောက် နိုင်ငံရေးပါတီအားလုံးအား ဖျက်သိမ်းပစ် ခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ်ဖြင့်တိုင်း ပြည်တည်ဆောက်ရန်အတွက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင် ခဲ့သည်။ ထို့နောက် တစ်ပါတီစနစ်ဖြင့် နိုင်ငံတည်ဆောက်နိုင်ရန်ကြိုးပမ်းခဲ့သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ ပြန် လည်ဖော်ဆောင်ခြင်း
၂ဝ၁ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်အတူ မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံအဖြစ်သို့ပြောင်းလဲရန်ခြေလှမ်းစတင် ခဲ့သည်။ တပ်မတော်အစိုးရလက်ထက် တွင် နိုင်ငံတော်အကြီးအကဲအဖြစ်တာဝန် ယူခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်း စိန်ခေါင်းဆောင်သော အရပ်သားအစိုးရ လက်သို့ နိုင်ငံ့အာဏာများကို လက်ဆင့် ကမ်းလွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ခေါင်း ဆောင်သော အရပ်သားအစိုးရပေါ်ထွက် လာမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း ဘက်မှ များစွာအံ့အားသင့်ခဲ့ကြသည်။
(Ref; Myanmar’s Top-Down Transition: Challenges for Civil Society By David Brenner and Sarah Schulman)
(ဆက်လက်ဖော်ပြပါမည်)