images
UN
UN
ဖောင်းပြင်မြို့နယ်တွင် မြို့လယ်တံတားဖွင့်လှစ်
ကိုထွန်း(ဖောင်းပြင်) Monday, 07 October 2019
စစ်ကိုင်းတိုင်းဒေသကြီးဖောင်း ပြင်မြို့နယ်တွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဘဏ္ဍာရန် ပုံငွေကျပ်၁၁၂ဒသမဝ၂သန်းဖြင့် (ျွဃ)တံတား အလျား ပေ ၆ဝ၊ အကျယ် ၁၄ ပေ တည်ဆောက်ခွင့် ပြုခဲ့ရာ ဖောင်းပြင်မြို့နယ် ဒေသခံ ပြည်သူများနှင့်ရွှေလုပ်ငန်းရှင်များ အသင်း(ဖောင်းပြင်)၏ ဒေသဖွံ့ဖြိုး ရေးရန်ပုံငွေကျပ်သိန်း၂ဝဝ ဖြည့် စွက်ကာ အကျယ် ၁၈ ပေ၊ အလျား ပေ၆ဝသို့ တိုးချဲ့တည်ဆောက်ခဲ့ပြီး တံတားအား ယနေ့နံနက် ၈ နာရီ တွင် အခမ်းအနားနှင့်တကွ ဖွင့်လှစ် ပေးခဲ့သည်။
ယင်းတံတားကို နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး၏ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေကျပ် ၁၁၂ ဒသမ ဝ၂ သန်းနှင့် ပြည်သူထည့်ဝင် လှူဒါန်းငွေကျပ်သိန်း ၂ဝဝ ဖြည့် စွက်ကာ (နတလ)မှ တာဝန်ယူ တည်ဆောက်ပေးခဲ့ကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအခမ်းအနားသို့ စစ် ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၊ NGO၊ INGOအဖွဲ့ အစည်းများတက်ရောက်ခဲ့ကြသည်။