images
UN
UN
ကော့သောင်းနှင့်မြိတ်တွင် သိမ်းဆည်းခဲ့သည့်ငါးဖမ်းလှေ ၁၉ စင်း အိတ်ပိတ်တင်ဒါစနစ်ဖြင့် ပြန်ရောင်းမည်
Dawei Watch Monday, 07 October 2019
တနင်္သာရီကမ်းဝေးငါးဖမ်း ရေပြင်တွင် တရားမဝင်ငါးဖမ်းဆီး မှုကြောင့် ဖမ်းဆီးကာ နိုင်ငံပိုင် အဖြစ် သိမ်းဆည်းထားသည့် ငါး ဖမ်းလှေ ၁၉ စင်းကို အိတ်ပိတ် တင်ဒါစနစ်ဖြင့် ပြန်လည်ရောင်းချ မည်ဖြစ်ကြောင်း ကော့သောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ကပြောသည်။
လာမည့်အောက်တိုဘာ ၈ရက် တွင် နေပြည်တော် ငါးဦးစီးဌာနရုံး ၌အိတ်ပိတ်တင်ဒါစနစ်ဖြင့်ပြန်လည် ရောင်းချမည်ဖြစ်သည်။ ''နံပါတ် အလိုက်တစ်စင်းချင်းအိတ်ပိတ်ခေါ် မယ်၊(တင်ဒါဆွဲမယ်ဆိုရင်) ကုမ္ပဏီ လည်းရတယ်၊ တစ်ဦးချင်းလည်း ရတယ်''ဟုဦးသန့်ဇင်ကပြောသည်။
မြိတ်ခရိုင်ရေပိုင်နက်အတွင်း ဖမ်းမိလှေ ၁ဝ စင်းကို မြိတ်မြို့ တွင်ထားရှိပြီး ကော့သောင်းခရိုင် ရေပိုင်နက်အတွင်း ဖမ်းမိလှေကိုး စင်းကို ကော့သောင်းမြို့တွင်ထားရှိ ကြောင်း ၄င်းကပြောသည်။
လှေလုပ်ငန်းနှင့် နီးစပ်သူအချို့ ကမူ တနင်္သာရီတိုင်းအတွင်းဖမ်းမိ ပြီး တနင်္သာရီတိုင်းအတွင်းသိမ်း ဆည်းထားရှိသည့် လှေများကို တနင်္သာရီတိုင်းနှင့် ဝေးကွာသည့် နေပြည်တော်ရုံးတွင် တင်ဒါခေါ် ပြန်လည်ရောင်းချခြင်းမှာ မဖြစ် သင့်ဟု ပြောဆိုကြသည်။
''တကယ်တော့ (တင်ဒါပွဲကို) လှေရှိတဲ့နေရာတွေမှာ လာလုပ် ရင်တော့ ပိုအဆင်ပြေတာပေါ့ နော်''ဟု မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌကပြောသည်။