images
UN
UN
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု လျော့ကျ
NG Monday, 07 October 2019
၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ရက်မှ စတင်ခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာ ၃ဝရက်တွင် အဆုံး သတ်ခဲ့သော ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာ နှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဝင်ရောက်ခဲ့သော အခြေအနေနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန် ချက်များအရ အတည်ပြုနိုင်ခဲ့ သည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်းသို့ ဝင်ရောက် ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က ပြည်တွင်းသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် လျော့ ကျသွားခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း ပြည် တွင်းသို့ ဝင်ရောက်ခဲ့သော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ အများဆုံး ဝင်ရောက်ခဲ့သည့်ကဏ္ဍမှာ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးကဏ္ဍဖြစ် ကာ အဆိုပါကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံ ရှိခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ဒုတိယအများဆုံး ဝင်ရောက်ခဲ့ သည့်ကဏ္ဍမှာ ကုန်ထုတ်လုပ်ရေး ကဏ္ဍဖြစ်သည်။