images
UN
UN
မလေးရှားဝန်ကြီးချုပ်ဟောင်းနှင့် ဆက်စပ်နေသူများအား ပြစ်ဒဏ်များချမှတ်
Monday, 07 October 2019
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်နှင့် ဆက်စပ်နေသူများအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ဖော်ပြသည်။ နာဂျစ်ရာဇက်၏ အကိုတော်စပ်သူ နာဇီယာရာဇက်အပါအဝင် နာဂျစ်ရာဇက်၏ မိသားစုဝင်အချို့နှင့်မိတ်ဆွေများအား နိုင်ငံပိုင်ရန်ပုံငွေများအား ကိုယ် ကျိုးအတွက် အလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည်ဟု တွေ့ရှိခဲ့သောကြောင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ နာဂျစ်ရာဇက်အား လက်ရှိအချိန်၌ နိုင်ငံပိုင်ရန်ပုံငွေများထဲမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်အား ကိုယ်ကျိုးအတွက် အသုံးပြုမှုများ ပြုလုပ်ခဲ့ သည်ဆိုသော စွဲချက်ဖြင့် တရားစွဲဆိုမှု ပြုလုပ်ထားသည်။ မလေးရှားအဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ လာတီဖာကိုရာက နာဂျစ်ရာဇက်နှင့် ဆက်စပ်နေ သော အဂတိလိုက်စားမှုများအား အပြီးသတ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ ပြစ်ဒဏ် များ အမြန်ဆုံးချမှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောသည်။
NG(Ref; Reuters