images
UN
UN
ရထားလမ်းဖောက်ရန်အတွက် သစ်ပင်များ ခုတ်လှဲနေမှုကို ရပ်တန့်ရန် တရားရုံးချုပ်ကြိုးပမ်း
Monday, 07 October 2019
အိန္ဒိယတရားရုံးချုပ်သည် မွမ်ဘိုင်း၌ မြို့ပတ်ရထားလမ်းသစ်ဖောက် လုပ်ရန်အတွက် သစ်ပင်များ ခုတ်လှဲနေမှုကို ရပ်တန့်ပေးရန် အုပ်ချုပ်ရေး ပိုင်းထံသို့ စာရေးသားပေးပို့ကာ တောင်းဆိုခဲ့ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။
မွမ်ဘိုင်းမြို့ မြို့တွင်းရထားပို့ဆောင်ရေးကွန်ရက်နှင့်ချိတ်ဆက်မည့် ရထားလမ်းသစ် ဖောက်လုပ်ရန်စီစဉ်ရာ၌ လမ်းကြောင်းပေါ်တွင်ရှိနေ သော သစ်ပင် ၂ဝဝဝကျော်အား ခုတ်လှဲရန် ရထားလမ်းဖောက်လုပ်ရေး ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပြီးနောက်တွင် တက်ြ<ွကလှုပ်ရှားသူများနှင့် ဒေသခံ များက ခုတ်လှဲမည့်သစ်ပင်များအနီးတွင် စုဝေးကာ ဆန္ဒပြခဲ့မှုများ ပြု လုပ်ခဲ့သည်။ သစ်ပင် ၁၅ဝဝခန့်အား ခုတ်လှဲမှုပြုလုပ်ခဲ့ပြီးနောက်တွင် သစ်ပင်များခုတ်လှဲမည့်ဒေသတွင် နေထိုင်သည့်ကျောင်းသားကျောင်းသူ များက အိန္ဒိယတရားရုံးချုပ်ထံသို့ စာရေးသားပေးပို့ကာ သစ်ပင်များ ခုတ်လှဲမှုကို တရားရုံး၏ အမိန့်ဖြင့် တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယတရားရုံးချုပ်သည် မွမ်ဘိုင်းမြို့တည်ရှိသည့် မဟာ ရာရှာထရာပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ စာရေးသားကာ သစ်ပင်များ ခုတ်လှဲမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
NG(Ref; BBC)