images
UN
UN
၂ဝ၁၅ ခုနှစ်ကထက် ပိုမိုဆိုးရွားသောရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်မှုနှင့် ဥရောပနိုင်ငံများ ရင်ဆိုင်ရနိုင်သည်ဟု သတိပေး
Monday, 07 October 2019
ဂျာမနီပြည်ထဲရေးဝန်ကြီး စီဟိုဖာက ဥရောပနိုင်ငံများက ၂ဝ၁၅ ခုနှစ်က ကြုံတွေ့ ခဲ့သော ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက် မှုထက် ပိုမိုဆိုးရွားသော ရွှေ့ပြောင်းအခြေချ သူများ ထပ်မံဝင်ရောက်မှုနှင့် ရင်ဆိုင်ရနိုင် သည်ဟု သတိပေးခဲ့ကြောင်း ရုရှားတိုင်းမ် သတင်းဌာနက ဖော်ပြသည်။
၂ဝ၁၅ ခုနှစ်အတွင်း၌ ဥရောပနိုင်ငံများ သို့ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိက နိုင်ငံများမှ ရွှေ့ပြောင်းအခြေချသူများအလုံး အရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းကြောင့် ဥရောပ နိုင်ငံများသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွား ပြီးနောက်ပိုင်း အဆိုးရွားဆုံးရွှေ့ပြောင်းအခြေ ချသူများ ရောက်ရှိမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုစဉ်က ဝင်ရောက်လာသော ရွှေ့ပြောင်း အခြေချသူများကို ဥရောပသမဂ္ဂဝင်နိုင်ငံများ တွင် ခွဲတမ်းဖြင့် နေရာချထားပေးသည့်အစီ အစဉ်များကို ဖော်ဆောင်ခဲ့သော်လည်း လက်ရှိ အချိန်အထိ ရာနှုန်းပြည့်အောင်မြင်ခြင်း မရှိခဲ့ ပေ။ စီဟိုဖာက ''ဥရောပနိုင်ငံတွေရဲ့ ပြင်ပ နယ်စပ်လို့ သတ်မှတ်ရမယ့် ဂရိနဲ့ တူရကီလို နိုင်ငံတွေကို ရွှေ့ပြောင်းအခြေချသူတွေ ဝင် ရောက်မှုကို ကိုင်တွယ်နိုင်ဖို့ အကူအညီ ပေး ရပါလိမ့်မယ်။ တကယ်လို့ အဲဒီလိုနိုင်ငံတွေ ကို အကူအညီတွေ ထိထိရောက်ရောက်မပေး ဘူးဆိုရင် ရွှေ့ပြောင်းအခြေချသူတွေနဲ့ဆိုင်တဲ့ ပြဿနာဟာ ဥရောပနိုင်ငံတွေရဲ့ ကြီးမားတဲ့ အကျပ်အတည်းမျိုး ဖြစ်လာပါလိမ့်မယ်''ဟု ပြောသည်။ NG(Ref; RT)