images
UN
UN
အပြေးသမားများ ပုံမှန်ထက် သက်တမ်းတိုတောင်းဟု တွေ့ရှိ
Monday, 07 October 2019
ပြေးခြင်းသည် လူသားအများစု ပြုလုပ်လေ့ရှိသော လေ့ကျင့်ခန်း တစ်ခုဖြစ်သော်လည်း ပြိုင်ပွဲဝင်အပြေးသမားများသည် သာမန်လူများ နှင့် နှိုင်းယှဉ်ပါက သက်တမ်းပိုမိုတိုတောင်းလေ့ရှိသည်ဟု တွေ့ရှိခဲ့ ကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ဒိန်းမတ်အခြေစိုက် သုတေသနအဖွဲ့ တစ်ခုက ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ မာရသွန်ကဲ့သို့ တာဝေး ပြေးရသည့် အပြေးသမားများသည် အသက် ၄ဝ ဝန်းကျင်တွင် သေဆုံး လေ့ရှိသည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အပြေးသမားများ သည် ၁၉၈၆ ခုနှစ်ဝန်းကျင်၌ ပျမ်းမျှသက်တမ်း ၃၈နှစ်ခန့်သာ ရှိခဲ့ရာ မှ ၂ဝ၁၈ ခုနှစ်တွင် ပျမ်းမျှသက်တမ်း နှစ် ၄ဝ သို့ မြင့်တက်လာခဲ့သည်ဟု လည်း တွေ့ရှိခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဆယ်စုနှစ် သုံးခုခန့်အတွင်း ၌ အပြေးပြိုင်ပွဲများတွင် အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်မှုအခြေအနေမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်ဟုလည်း အတည်ပြုနိုင်ခဲ့သည်။ ၁၉၈၆ ခုနှစ် အပြေးပြိုင်ပွဲများ၌ အမျိုးသမီးများ ပါဝင်မှုအခြေအနေမှာ ရာခိုင်နှုန်း ၂ဝခန့်သာ ရှိခဲ့ရာမှ ၂ဝ၁၈ ခုနှစ်သို့ ရောက်ရှိချိန်တွင် ရာခိုင် နှုန်း ၅ဝသို့ ရောက်ရှိလာကြောင်းလည်း တွေ့ရှိခဲ့သည်။
NG(Ref; Dailymail)
Image may contain: 1 person, sitting, shoes, shorts and outdoor