images
UN
UN
လီဗာပူးနှင့်ပွဲရလဒ်သည် ဆိုးလ်ရှား၏အနာဂတ်အတွက် အဓိကကျလာ ဆိုးလ်ရှားကိုထုတ်ပယ်မည်ဆိုပါက ပေါင်ခုနစ်သန်းဝန်းကျင်သာ လျော်ကြေးပေးရမည်
Wednesday, 09 October 2019
ရလဒ်ဆိုးရွားမှုကြောင့် ဖိအား ဒဏ်ခံနေရသော မန်ယူနည်းပြ ဆိုးလ်ရှားအပေါ် ဘုတ်အဖွဲ့က စိတ်မရှည်နိုင်ဖြစ်နေပြီး လီဗာပူး နှင့်ကစားမည့်ပွဲတွင် ထွက်ပေါ်လာ သည့်ရလဒ်အပေါ်မူတည်၍ ၄င်း၏ အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိနေ သည်။ မန်ယူသည် ပွဲစဉ်ရှစ်ပွဲ ကစားပြီးချိန်တွင် အမှတ်ပေးဇယား အဆင့် ၁၂ နေရာသို့ ရောက်ရှိနေ ပြီး တန်းဆင်းဇုန်နှင့်နှစ်မှတ်သာ ကွာတော့သည်။
ထို့ကြောင့် အသင်း၏အမှု ဆောင်ချုပ်အိဒ်ဝုဝါ့ဒ်က ၄င်းအပေါ် စိတ်မရှည်နိုင်တော့ဘဲ ထုတ်ပယ် ရန်စဉ်းစားနေခြင်းဖြစ်သည်။ ယခု ရာသီမစတင်မီကတည်းက ကြံ့ခိုင် မှုလေ့ကျင့်ခန်းများကိုသာ ဦးစား ပေးပြုလုပ်စေခဲ့သည့် ဆိုးလ်ရှား၏ နည်းစနစ်များအပေါ် စီနီယာ ကစားသမားအချို့ကလည်း မေး ခွန်းထုတ်မှုများရှိလာသည်ဟုသိရ သည်။ နိုင်ငံတကာရက်သတ္တပတ် အပြီး ကစားမည့်လီဗာပူးနှင့်ပွဲတွင် အရှုံးရလဒ်ကြီးမားခဲ့ပါက ဆိုးလ် ရှားကို ထုတ်ပယ်ရန် ဘုတ်အဖွဲ့ ကလည်း ထောက်ခံဖွယ်ရှိသည်။
မန်ယူသည် ဆိုးလ်ရှားကို ထုတ်ပယ်ပါက ပေါင်ခုနစ်သန်း ဝန်းကျင်သာ လျော်ကြေးပေးရမည် ဖြစ်ကြောင်း သိရသည်။ မော်ရင် ဟိုကိုထုတ်ပယ်ခဲ့စဉ်က ပေါင် ၁၉ သန်းကျော်အထိပေးခဲ့ရခြင်းကြောင့် ဆိုးလ်ရှားနှင့် စာချုပ်မချုပ်ဆိုမီ ကတည်းက လျော်ကြေးကိစ္စကို မန်ယူအသင်းဘက်မှ ကြိုတင်စီစဉ် ထားခြင်းလည်းဖြစ်သည်။ ဆိုးလ် ရှားသည် ပြီးခဲ့သောမတ်လတွင် မန်ယူနှင့်သုံးနှစ်စာချုပ် ချုပ်ဆို ထားပြီး တစ်နှစ်လျှင်လစာပေါင် ခြောက်သန်းဝန်းကျင် ရရှိနေသူ ဖြစ်သည်။ စာချုပ်သက်တမ်းနှစ် နှစ်ကျော်ကျန်ရှိနေသေးသော်လည်း ၄င်းအားထုတ်ပယ်ပါကလျော်ကြေး ကိုတစ်နှစ်လစာထက် အနည်းငယ် ပိုသည့် ပမာဏသာ ပေးရမည်ဖြစ် သည်။ လက်ရှိတွင် မန်ယူနည်းပြ ဖြစ်လာရန် အလီဂရီက ရေပန်းစား နေသည်။ Ref;Metro