images
UN
UN
ပွဲထွက်ခွင့်နှင့်ပတ်သက်၍ နည်းပြလမ်းပတ်နှင့် ဆွေးနွေးဦးမည်မဟုတ်ဟု ဂီယောက်ပြောကြား
Wednesday, 09 October 2019
ချဲလ်ဆီးတိုက်စစ်မှူးဂီယောက်က ပွဲထွက်ခွင့်နှင့်ပတ်သက်၍ နည်းပြ လမ်းပတ်နှင့်ဆွေးနွေးမှုပြုလုပ်ဦးမည်မဟုတ်ကြောင်း ပြောကြားလိုက် သည်။ ယခုရာသီတွင် ချဲလ်ဆီးနည်းပြလမ်းပတ်သည် ဂီယောက်ထက် လူငယ်တိုက်စစ်မှူးအေဘရာဟမ်ကို ဦးစားပေးပွဲထုတ်နေသည်။ ပြီးခဲ့ သောရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲအထိ ပါဝင်ခဲ့ရသောဂီယောက် သည် ယခုရာသီပွဲစဉ်ရှစ်ပွဲအပြီးတွင် သုံးပွဲသာပါဝင်ကစားထားရပြီး နှစ်ပွဲကို လူစားဝင်ကစားသမားအဖြစ်နှင့်သာ ပါဝင်ခဲ့ရခြင်းလည်းဖြစ် သည်။ ဂီယောက်က ''ပွဲထွက်ခွင့်မရတာနဲ့ပတ်သက်ပြီး တုံ့ပြန်လေ့ရှိ ကြတဲ့ ပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ကိုယ့်ရဲ့စိတ်ကိုချိုးနှိမ်ပြီး ဆက်လက်ကြိုးစားတာနဲ့ နောက်တစ်မျိုးက ဒေါသအဖြစ်ပြောင်းပြီး ခံစားချက်ဖော်ပြတာပါပဲ။ လက်ရှိအချိန်မှာ ကျွန်တော့်အနေနဲ့ ပွဲထွက် ခွင့်အတွက် ပြိုင်ဆိုင်နေတယ်ဆိုတဲ့စိတ်ခံစားချက်မျိုးပဲ ရှိနေပါသေးတယ်'' ဟု ပြောကြားခဲ့သည်။ ဂီယောက်က လူငယ်ကစားသမားများ ပိုမိုနေရာ ရရှိလာခြင်းမှာ အသင်းအတွက်ကောင်းမွန်ကြောင်းနှင့် ယှဉ်ပြိုင်မှုကောင်း များပြုလုပ်နေရခြင်းဖြစ်သည်ဟုပြောခဲ့သည်။ Ref;Goal