images
UN
UN
အနီကတ္အျပခံခဲ့ရေသာ ဒမ္ဘီလီဘက္မွ မက္ဆီ ကာကွယ်ပြောကြား
Wednesday, 09 October 2019
ဘာစီလိုနာတိုက်စစ်မှူး မက် ဆီက ဒမ်ဘီလီသည် စပိန်စကား ကို မပြောတတ်သူဖြစ်၍ ဒိုင်လူ ကြီးနှင့်ဆက်ဆံရာတွင် နားလည်မှု လွဲမှားခြင်းသာဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။ ဒမ်ဘီလီ သည် ဆီဗီလာအား ဘာစီလိုနာက အနိုင်ရရှိခဲ့သောပွဲတွင် ဒိုင်လူကြီး အား ပြင်းထန်စွာစောဒကတက်ခဲ့ သောကြောင့် ထုတ်ပယ်ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်နှင့် အယ်လ်က လက်ဆီကိုပွဲကိုပါ လွဲချော်တော့ မည်ဖြစ်သည်။
ဒမ်ဘီလီက ဒိုင်လူကြီးအား ပြောကြားခဲ့သည့်စကားမှာ အလွန် ဆိုးရွားသည်ဟု အဓိပ္ပာယ်ပြန်နိုင် ကြောင်း ပွဲအပြီးအစီရင်ခံစာ၌ ပါ ဝင်ခဲ့သည့်အတွက် မက်ဆီက ယခု ကဲ့သို့ ရှင်းလင်းလိုက်ခြင်းလည်း ဖြစ်သည်။ ဒမ်ဘီလီသည် ဒိုင်လူ ကြီးနားလည်နိုင်သည့် စပိန်စကား မတတ်ခြင်းကြောင့် အစီရင်ခံစာ အတွင်းပါဝင်သည့် စကားစုများ မှာ မှန်ကန်ခြင်းမရှိနိုင်ကြောင်း မက်ဆီက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ Ref;Dailymail