images
UN
UN
အက်စ်ပန်ညိုအသင်းမှ ဂယ်လီဂို ထုတ်ပယ်ခံရ
Wednesday, 09 October 2019
စပိန်ကလပ် အက်စ်ပန်ညိုအသင်းသည် ရလဒ်ဆိုးရွားနေမှုကြောင့် နည်းပြဂယ်လီဂိုအား ထုတ်ပယ်လိုက်ပြီး ဆီဗီလာနှင့် ဂီရိုနာနည်းပြ ဟောင်း ပါဘလိုမာချင်အား အစားထိုးခန့်အပ်လိုက်သည်။ အက်စ်ပန်ညို သည် လာလီဂါပွဲစဉ်ရှစ်ပွဲတွင် နိုင်ပွဲတစ်ပွဲသာရရှိခဲ့ပြီး ငါးပွဲရှုံးနိမ့်ခဲ့ခြင်း ကြောင့် အမှတ်ပေးဇယားအဆင့် ၁၉ နေရာသို့ ရောက်ရှိနေသည်။ ထို့ ကြောင့် နည်းပြဂယ်လီဂိုအား ထုတ်ပယ်လိုက်ခြင်းလည်းဖြစ်သည်။ အက်စ်ပန်ညိုနည်းပြသစ်ဖြစ်လာသော ပါဘလိုမာချင်သည် ၂ဝ၁၇ ခုနှစ် တွင် လာလီဂါသို့ တန်းတက်လာခဲ့သော ဂီရိုနာနှင့်အတူ ထင်ရှားလာခဲ့ သူဖြစ်ပြီး အဆိုပါရာသီ၌ တန်းတက်အသင်းအား အဆင့် ၁ဝ နေရာတွင် ရပ်တည်နိုင်ရန် ဦးဆောင်ပေးခဲ့သူဖြစ်သည်။ Ref;Reuters