images
UN
UN
စပါးဥက္ကဋ္ဌ၏ထောက်ခံမှုကိုအပြည့်အဝရထားဟု ပိုချက်တီနိုပြော
Wednesday, 09 October 2019

စပါးနည်းပြပိုချက်တီနိုက အသင်းဥက္ကဋ္ဌဒန်နီ ရယ်လီဗိုင်း၏ထောက်ခံမှုကို အပြည့်အဝရရှိထား သည်ဟု ဖွင့်ဟလိုက်သည်။ ပြီးခဲ့သောရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ခဲ့သော စပါး သည် ယခုရာသီ၌ ပရီးမီးယားလိဂ်နှင့် ချန်ပီယံ လိဂ်တို့တွင် ဆက်တိုက်ရလဒ်ဆိုးရွားမှုများနှင့် ကြုံ တွေ့နေရသည်။ ထို့ကြောင့် ပိုချက်တီနိုအား စပါး အသင်းက ထုတ်ပယ်တော့မည်ဆိုသည့်သတင်း များ ထွက်ပေါ်လျက်ရှိနေသည်။
''အသင်းဥက္ကဋ္ဌနဲ့ ကျွန်တော့်ကြားမှာ အရမ်း ကောင်းတဲ့ဆက်ဆံရေးရှိနေပါတယ်။ ကျွန်တော် တို့ကြားမှာ ဘောလုံးနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေ လည်းရှိခဲ့ပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေတွေလိုမျိုး ဖြစ်နေလို့ ကျွန်တော့်ကို သူ့ဘက်က အပြည့်အဝ ထောက်ခံမှုပေးထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လက်ရှိအချိန်က အရှုံးကိုသင်ခန်းစာယူ ဖို့ပဲရှိပါတယ်''ဟု ၄င်းကပြောသည်။ Ref;BBC