images
UN
UN
အေစီမီလန်နည်းပြသစ်အဖြစ် ပီအိုလီ ခန့်အပ်ခံရ
Wednesday, 09 October 2019
အေစီမီလန်အသင်းသည် ဖီအို ရင်တီးနား နည်းပြဟောင်းပီအိုလီ အား ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အေစီမီလန်သည် ယခု ရာသီ စီးရီးအေပွဲစဉ်များတွင် ရလဒ်ဆိုးရွားနေပြီး ပွဲစဉ်ခုနစ်ပွဲ ကစားပြီးချိန်၌ အမှတ်ပေးဇယား အဆင့် ၁၃ နေရာသို့ ရောက်ရှိနေ သည်။ ထို့ကြောင့် နည်းပြဂမ်ပါ အိုလိုအား ထုတ်ပယ်ရန်ကြိုးစားခဲ့ ခြင်းဖြစ်သည်။
အေစီမီလန်သည် ပြီးခဲ့သော တနင်္လာနေ့တွင် အင်တာမီလန် နည်းပြဟောင်းစပယ်လက်တီနှင့် ဦးစွာဆွေးနွေးခဲ့သော်လည်း လစာ နှင့် ဆုကြေးအပါအဝင် အချက် အလက်အချို့ကို ညှိနှိုင်းမရခဲ့ပေ။ ထို့ကြောင့် ယနေ့တွင် ပီအိုလီနှင့် တွေ့ဆုံကာ ညှိနှိုင်းမှုများပြုလုပ်ခဲ့ ပြီး သဘောတူညီချက်ရခဲ့ခြင်း လည်းဖြစ်သည်။
ပီအိုလီသည် လာဇီယို၊ အင် တာမီလန်နှင့် ဖီအိုရင်တီးနားတို့ ကဲ့သို့ အသင်းကြီးများကိုကိုင်တွယ် ခဲ့ဖူးပြီး ပြီးခဲ့သောဧပြီတွင် ဖီအို ရင်တီးနားမှ နုတ်ထွက်ခဲ့သူဖြစ် သည်။ အေစီမီလန်သည် ၄င်းကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်မည်ဖြစ် သည်။ Ref;Calciomercato