images
UN
UN
(၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် ကျပ်၂ဝဝ တန် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်
Wednesday, 09 October 2019
ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ(၁၄၅)နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ (WORLD POST DAY)အထိမ်းအမှတ်ကျပ်၂ဝဝတန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ်တစ်မျိုးအား ယနေ့ မြန်မာ သက္ကရာဇ် (၁၃၈၁ခုနှစ်၊ သီတင်း ကျွတ်လဆန်း၁၁ ရက်၊ ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်အသီးသီးတွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ စာတိုက်လုပ်ငန်း၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
အထူးအစီအစဉ်တစ်ရပ်အနေ ဖြင့် နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယနေ့ ဝယ်ယူသော အထူးထုတ်စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ် သည်။
ထို့အပြင် (၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ (WORLD POST DAY)အခမ်းအနားကျင်းပ ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနရုံးအမှတ်(၂)နေပြည် တော်တွင်လည်း အထိမ်းအမှတ် အထူးထုတ်ပထမနေ့ စာအိတ် (Firstday Cover )များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက် နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။