images
UN
UN
ရေကျော်ပွဲဈေးကျင်းပစဉ်YBS 93 အပြန်လမ်းကြောင်းအား ယာယီလမ်းလွှဲမည်
ရွှေရောင် Wednesday, 09 October 2019
ရေကျော်ပွဲဈေးကျင်းပစဉ်ရက်များတွင်YBS 93 ယာဉ်လိုင်း အပြန်လမ်းကြောင်းအား ယာယီလမ်းလွှဲ၍မောင်းနှင်မည်ဖြစ်ကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း၏ ယနေ့ထုတ်ပြန်ချက် အရသိရသည်။ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော သီတင်းကျွတ်ပွဲ တော်၊ ရေကျော်ပွဲဈေးအား ယခုလ ၁ဝရက်မှ ၁၄ရက်အထိ ကျင်းပ မည်ဖြစ်သည်။
ထိုသို့ကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ လမ်းပိုင်း အချို့ ပိတ်ဆို့လေ့ရှိရာ အထက်ပါရက်များအတွင်း ပွဲဈေးကျင်းပချိန်၌ လူထုမိတ်ဆွေပြည်သူ့အကျိုးပြုယာဉ်လိုင်း၏YBS 93အပြန်ခရီးစဉ် အား ယာယီလမ်းလွှဲမှသွားလာစေမည်ဖြစ်ကြောင်းသိရသည်။
ယာယီလမ်းလွှဲမှာ ပန်းဆိုးတန်းမှတ်တိုင်(Ruby Mart) မှ ထွက်ခွာလာပြီးလျင် ဘိုအောင်ကျော်လမ်းသို့ ရောက်သောအခါ လက်ယာဘက်သို့ချိုးကွေ့ပြီး၊ ထိုမှတစ်ဆင့်မဟာဗန္ဓုလလမ်းသို့ ရောက်ရှိပါက လက်ဝဲဘက်သို့ ထပ်မံချိုးကွေ့ကာ လမ်းအတိုင်း ဆက်လက်မောင်းနှင်မည်ဖြစ်သည်။
ထို့နောက် အိုးရှင်းမှတ်တိုင်မှ ထွက်ခွာလာပြီးလျှင် မဟာဗန္ဓုလ တံတား၏ လက်ယာဘက်အောက် ချဉ်းကပ်လမ်းမှတစ်ဆင့် လက်ဝဲ ဘက်သို့ချိုးကွေ့ပြီး သီတာဆိပ်မှတ်တိုင်သို့ရောက်ရှိမည်ဖြစ်သည်။ သီတာဆိပ်မှတ်တိုင်မှ အောက်ပုဇွန်တောင်လမ်းအတိုင်း ဆက်လက် ထွက်ခွာလာပြီး ပုဇွန်တောင်ဈေးမှတ်တိုင်သို့ ရောက်ရှိပါက မူလပုံမှန် လမ်းကြောင်းအတိုင်း ပြန်လည်မောင်းနှင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ယာယီလမ်းလွှဲမှ သွားလာရစဉ်တွင် (၄၆) လမ်း (ဗိုလ်ချုပ်အောင်ဆန်း) မှတ်တိုင်နှင့် လမ်း (၅ဝ) (ဗိုလ်ချုပ်အောင် ဆန်း) မှတ်တိုင်တို့ကို ရောက်ရှိမည်မဟုတ်ဘဲ ဘိုကလေးဈေး၊ (၄၆) လမ်း (မဟာဗန္ဓုလ)၊ လမ်း (၅ဝ) (မဟာဗန္ဓုလ)၊ ဂန္ဓီ၊ အိုးရှင်း၊ သီတာဆိပ်နှင့် ညောင်တန်းမှတ်တိုင်တို့ကိုသာ ရောက်ရှိဖြတ်သန်းမည် ဖြစ်ကြောင်းသိရသည်။
Image may contain: sky and outdoor