images
UN
UN
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် MPT Money လိုင်စင်ရရှိ
အေးချမ်းပိုပို Wednesday, 09 October 2019
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေ တာဖြစ်သည့် MPT သည် သုံးစွဲ သူများအတွက် လျင်မြန်၊ စိတ်ချ၊ တီထွင်ဆန်းသစ်ထားသောMPT Money ငွေကြေးဝန်ဆောင်မှုကို စတင်မိတ်ဆက်ခြင်းနှင့်အတူဒစ်ဂျစ် တယ် လူနေမှုအဆင့်အတန်းကို မြှင့် တင်ပေးနိုင်ရန်အတွက် ကြိုးပမ်း လျက်ရှိကြောင်းသိရသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
MPT Money အနေဖြင့် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု လုပ် ငန်းကို ယခုလ ၁ ရက်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ရရှိ ခဲ့ပြီး Money သည် မြန်မာနိုင်ငံ ၏ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက် စေရန်နှင့် ငွေကြေးဝန်ဆောင်မှုကို လူတိုင်း လက်လှမ်းမီနိုင်စေရန်၊ MPT သုံးစွဲသူများ၏ မျှော်လင့် ချက်များနှင့် ဌာနဆိုင်ရာများ၏ လိုအပ်ချက်များကို နည်းပညာဖြင့် ကူညီဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
စမတ်ဖုန်းများတွင် ငွေကြေး ဝန်ဆောင်မှုများလုပ်ဆောင်လာခြင်း မှာ အဓိကဘဏ္ဍာရေးစနစ်ကို မှီခို စရာမလိုဘဲ မြန်မာနိုင်ငံသားများ အတွက် ဆောင်ရွက်ထားသော အဆိုပါဝန်ဆောင်မှုသည်အရေးကြီး သော အစိတ်အပိုင်းတစ်ခုဖြစ်လာ သည်။MPT Money ဝန်ဆောင်မှု ကို အက်ပလီကေးရှင်းတွင် လုံခြုံ၊ စိတ်ချစွာငွေလွှဲနိုင်သည့်ငွေပေးချေမှု လုပ်ဆောင်ချက်များအားထည့်သွင်း ထားသည်။MPT Money ကို အသုံးပြုခြင်းဖြင့် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများဖြစ်သည့်ငွေလွှဲပြောင်း ခြင်း၊ ငွေပေးချေခြင်း၊ ဖုန်းဘေလ် ဖြည့်ခြင်းနှင့် အခြားသောငွေကြေး ဝန်ဆောင်မှုများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ ထို့ ပြင်အသုံးပြုရလွယ်ကူသော နည်း ပညာကြောင့် သုံးစွဲသူနှင့်ရောင်း ချသူနှစ်ဦးစလုံးကို အီလက်ထရွန် နစ်ဆိုင်ရာ ဆောင်ရွက်ချက်များ တွင် အဆင်ပြေစွာလုပ်ဆောင်လာ နိုင်မည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှဦးဆောင်ညွှန်ကြားရေးမှူး(MPT-KSGM JO၏ အမှုဆောင်အရာ ရှိချုပ်)ဖြစ်သူ ဦးခင်မောင်ထွန်းက 'MPT ကနေရာအနှံ့မှာ အရောင်း ဆိုင်တွေထားတဲ့အပြင်Mobile Money ကိုယ်စားလှယ်များကို လည်းဖွဲ့စည်းထားတဲ့အတွက် သုံး စွဲသူရဲ့လိုအပ်ချက်တွေကို လက် လှမ်းမီအောင်ထောက်ပံ့ပေးနိုင်မှာ ပါ။ MPT Money ကနေသုံးစွဲသူ တွေအတွက် ယုံကြည်မှုကိုအပြည့် အဝပေးနိုင်မှာဖြစ်ပြီး ဒီအချက်က လည်း အဓိကအချက်ပဲဖြစ်ပါ တယ်။MPT Moneyရဲ့ဝန်ဆောင် မှုကနေလွယ်ကူမြန်ဆန်ပြီး စိတ်ချ ယုံကြည်ရတဲ့ဒစ်ဂျစ်တယ်မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုတွေကိုမကြာ မီ မိတ်ဆက်ပေးသွားမှာဖြစ်ပါ တယ် ''ဟုပြောသည်။