images
UN
UN
တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်းအဖွဲ့မှ ကျောင်းသားကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်း
ရဲဝင်းနိုင်(ညောင်ဦး) Wednesday, 09 October 2019
China Foundation for Poverty Alleviation Myanmar Office(CFPA)တရုတ်နိုင်ငံဆင်းရဲ နွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း အဖွဲ့မှ ကျောင်းသား ကျောင်းသူ များအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာပစ္စည်းများထောက်ပံ့ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီ ကျေးရွာအုပ်စု ထူးပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးလှိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တရုတ်နိုင်ငံ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံရုံးခွဲမှ အကြံပေးအရာရှိMr. Xiao Pan က ထောက်ပံ့ လှူဒါန်းရခြင်း၏ရည်ရွယ်ချက်နှင့် လှူဒါန်းမည့်ပစ္စည်းများအကြောင်း ကို ရှင်းလင်းဆွေးနွေးပြောကြား သည်။ ထို့နောက်ထူးပေါက်ကျေး ရွာ အခြေခံပညာမူလတန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင် သန်းဝေနှင့် မဲဇလီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသန်းနိုင်ထွန်းတို့ က ကျောင်းသားကျောင်းသူများ အတွက် ကျောပိုးအိတ်များနှင့် သင် ထောက်ကူစာရေးကိရိယာပစ္စည်း များထောက်ပံ့လှူဒါန်းပေးမှုအပေါ် ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။
ဆက်လက်၍ လက်ထောက် မြို့နယ်ပညာရေးမှူးဦးလှိုင်ဝင်းနှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးဖောင်ဒေးရှင်းမြန်မာနိုင်ငံရုံး ခွဲမှအကြံပေးအရာရှိMr. Xiao Pan နှင့် တာဝန်ရှိသူများက ထူးပေါက် ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းရှိကျောင်းသားကျောင်းသူ ၅၄ ဦးအား တစ်ဦးချင်းအလိုက် ကျောပိုးအိတ်နှင့်သင်ထောက်ကူ စာရေးကိရိယာပစ္စည်း ၁၅မျိုးတို့ ကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ ကြသည်။
အဆိုပါ China Foundation for Poverty Alleviation Mya-nmar Office(CFPA) တရုတ် နိုင်ငံဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်းအဖွဲ့မှ ယခုကဲ့သို့ ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများထောက်ပံ့ လှူဒါန်းပေးခြင်းကို ပွင့်ဖြူမြို့နယ် ထူးပေါက်ကျေးရွာ (အ.မ.က) ကျောင်းအပါအဝင် မြို့နယ်အတွင်း ရှိ(အ.မ.က)ကျောင်း၊(အ.မ.ကခွဲ) ကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတို့အား ထောက်ပံ့လှူ ဒါန်းပေးမည်ဖြစ်ကာ စုစုပေါင်း ကျောင်းပေါင်း ၇၂ ကျောင်းမှ ကျောင်းသားကျောင်းသူ ၄ဝ၂ဝ အား ကျောပိုးအိတ်နှင့် စာရေး ကိရိယာပစ္စည်းအစုံ ၄ဝ၂ဝ ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ ထောက်ပံ့ လှူဒါန်းနိုင်ရန်အတွက် တရုတ် နိုင်ငံအတွင်းရှိ စေတနာရှင်များက Alibaba ပရဟိတ၏ ထောက်ပံ့ မှုဖြင့်လှူဒါန်းပေးခြင်းဖြစ်ကြောင်း အဆိုပါ China Foundation for Poverty Alleviation Myanmar Office(CFPA) တရုတ်နိုင်ငံဆင်း ရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေး ရှင်း မြန်မာနိုင်ငံရုံးခွဲမှ အစီအစဉ် မန်နေဂျာဦးစိုးမိုးအောင်ထံမှ သိရ သည်။