images
UN
UN
ကာဂျစ္စတန်နှင့်ကစားမည့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်
ဇင်မင်းနိုင် Wednesday, 09 October 2019

၂ဝ၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် ကာဂျစ္စတန်နိုင်ငံတွင် ယှဉ် ပြိုင်ကစားရမည့်မြန်မာ့လက်ရွေးစင် အသင်းနှင့် ကာဂျစ္စတန်လက်ရွေး စင်အသင်းတို့၏ပွဲစဉ်အတွင်းသတင်း စာရှင်းလင်းပွဲကို Bishkek မြို့ရှိThe Palaza Hotel တွင် ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မီရိုဒရက်ရာဒူလိုဗစ်က '' ကာဂျစ္စတန်အသင်းက အသင်း ကောင်းတစ်သင်းပါ။ ပြီးခဲ့တဲ့အာရှ ဖလားပွဲက သူတို့ရဲ့ခြေစွမ်းကိုအနီး ကပ်မြင်တွေ့ခဲ့ရပြီး သူတို့အနေနဲ့ ကံမကောင်းလို့သာ နောက်ဆုံးရှစ် သင်းစာရင်းကိုမဝင်ရောက်ခဲ့တာပါ။ ကာဂျစ္စတန်အသင်းရဲ့ကစားသမား တွေကလည်း ကောင်းမွန်တဲ့ကစား သမားတွေဖြစ်ပါတယ်။ ကာဂျစ္စ တန်အသင်းနဲ့ယှဉ်ပြိုင်ဖို့ အချိန် ၁ဝ ရက်ကျော်ရခဲ့ပါတယ်။ ကျွန် တော်တို့ဒီပွဲမှာ အကောင်းဆုံးကြိုး စားသွားမှာဖြစ်ပြီး တိုက်စစ်ကိုဦး စားပေးကစားသွားမှာပါ''ဟုပြော ကြားခဲ့သည်။
ကာဂျစ္စတန်နှင့် မြန်မာ့လက် ရွေးစင်အသင်းတို့သည် ယခုလ ၁ဝ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါပွဲစဉ်ကို မြန်မာ့ ရုပ်မြင်သံကြား MRTV တွင်တိုက် ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။