images
UN
UN
သီတင်းကျွတ်ပွဲတော်တွင် ရွှေတွံတေးမှစိန်ခေါ်သံမြန်မာ့ရိုးရာလက်ဝှေ့ပွဲကျင်းပမည်
မျိုးလှိုင်(တွံတေး) Wednesday, 09 October 2019

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက် ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး Golden Brothers Lethwei Fight Group မှတာဝန်ယူကျင်းပသော သီတင်း ကျွတ်ပွဲတော်တွင် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၌ ရွှေ တွံတေးမှစိန်ခေါ်သံ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲကို ယခုလ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် တွံတေးမြို့ အောင်ဆန်းသူရိယအေးချို ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ယခုလ ၁၂ ရက်၌ ကျင်းပ မည့် ရွှေတွံတေးမှစိန်ခေါ်သံလက် ဝှေ့ပွဲစဉ်များတွင် စောမာရှယ် (က ညောသွီ) နှင့် ကောင်းစစ်ထန် (ရာမညအားမာန်)၊ ထိုင်းနိုင်ငံ မဲ ဆောက်ဆုဖလားရ ပိုင်သက်အောင် (ကညောသွီ)နှင့် ထိုင်းနိုင်ငံမဟာ ချိုင်းရွှေတံဆိပ်ဆုရှင်တေဇ(ရာမည အားမာန်)၊စောဖိုးခွား(ခ) ကမ္ဘာရှား (ကညောသွီ) နှင့် စစ်မင်း (ရာမည အားမာန်)တို့ယှဉ်ပြိုင်ထိုးကြ မည် ဖြစ်ပြီး ယခုလ ၁၃ ရက်တွင် စော အယ်ဖူ(ကညောသွီ)နှင့်မင်းကျောက် ခဲ (ရာမညအားမာန်)၊ စောအံ့ကြီး (ကညောသွီ) နှင့်ပြည်နယ်တိုင်း ရွှေတံဆိပ်ဆုရှင်တက်လူနိုင်(ရာမ ညအားမာန်)၊ စောအယ်ကလူ (ကညောသွီ)နှင့် သားဒိန်း(ဖိုးရာ ဇာ)စသည့် တွဲဆိုင်းများနှင့်အတူ နေ့စဉ်မျိုးဆက်သစ်ကြားပွဲများစွာ ပါဝင်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် ကျပ် ၃ဝဝဝသတ်မှတ်ထားကာ မြန်မာ့ရိုးရာလက်ဝှေ့အားကစား နည်းကိုကြိုက်နှစ်သက်သူများ အတွက် အကြိုက်တွေ့မည့်ပွဲစဉ် များဖြစ်ကြောင်း သိရသည်။