images
UN
UN
စဉ်ဆက်မပြတ်စကားဝိုင်းဆွေးနွေးပွဲ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်ဆွေးနွေး
မောင်မောင်မြင့်(ချောင်းဦး) Wednesday, 09 October 2019


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ စဉ်ဆက်မပြတ်စကား ဝိုင်းဆွေးနွေးပွဲကို ငါးလုံးတင် ကျေးရွာ အုပ်စုနေ ဦးအောင်ဝင်းနေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂နာရီ၌ကျင်းပရာ ဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတက်ရောက်၍ ယနေ့ နိုင်ငံရေးအခြေအနေများ ရှင်းလင်းဆွေး နွေးခဲ့သည်။
တိုင်းဒေသကြီး ပါတီကော်မတီဝင် တိုင်းအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သိင်္ဂီ ဝင်းရွှေက ''နိုင်ငံသားတိုင်း ဘာကိုမျှော် လင့်နေတာလဲ''၊''နိုင်ငံသားများ၏ရပိုင်ခွင့် အခွင့်အရေးများနှင့်တာဝန်များ'' စသည် ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲကို တက်ရောက်လာသူ များက ''ကုန်ဈေးနှုန်းလေးကျစေချင်''၊ ''ပြည်သူတွေကယ်သူမဲ့ပြီလား''၊''ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူပြင်ရမှာလား၊ အစိုးရက ပြင်ရမှာလား'' စသည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီ ဝင်းရွှေ၊ တိုင်းဒေသကြီးပါတီကော်မတီ ဝင် ဒေါ်ယဉ်မာဝင်း၊ တိုင်းဒေသကြီးပါတီ အရန်ပါတီကော်မတီဝင် ဒေါ်ကြူမိုးသန့်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသောင်းထိုက်၊ အတွင်းရေးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ငါးလုံးတင်ကျေးရွာမှ ရပ်/ကျေး ပါတီဥက္ကဋ္ဌ၊ ပါတီဝင်များနှင့် ပြည်သူများ စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်၍ ရင်းနှီးနွေးထွေးစွာ ဆွေးနွေးခဲ့သည်။