images
UN
UN
သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာစာသင်ကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း
ကြည်စိုးလွင်(သုံးခွ) Wednesday, 09 October 2019

ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးမောင်မောင်သင် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်ဦးကျင်ဝင်း၊ ဦးသောင်းအေး၊ ဦးစိန်အေးတို့ သည် ယနေ့နံနက် ၁ဝ နာရီက စစ်ကုန်းတောစွန်းကျေးရွာအုပ်စု အမက(စစ်ကုန်းကျေးရွာ)၊ အမက (လသာကုန်းကျေးရွာ)၊ အမက (တောစွန်းကျေးရွာ) ကျောင်းများ သို့သွားရောက်၍ ကျောင်းသား ကျောင်းသူလေးများ လိုအပ်လျက် ရှိသော ကျောင်းသုံးဗလာစာအုပ် များအား လှူဒါန်းရာ ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများဖြစ်ကြ သော ဆရာကြီးဦးဇေယျာသင်း၊ ဆရာမကြီး ဒေါ်အေးစန္ဒာကျော်၊ ဆရာမကြီး ဒေါ်သူဇာဌေးတို့က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ထို့နောက်စစ်ကုန်းတောစွန်း ကျေးရွာပါတီဥက္ကဋ္ဌ ဦးကျော်ရွှေ၏ နေအိမ်တွင်ကျေးရွာပါတီဝင်အသစ် ဝင်ရောက်သူများအား ပါတီဝင် ပုံစံများရေးသွင်းကာ ရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အား ဆွေးနွေးမှာကြားခဲ့သည်။