images
UN
UN
ဗဟိုကော်မတီဝင် ဆားလင်းကြီးမြို့ နယ် ပါတီကော်မတီဝင်များ မဲရုံအလိုက်အောင်နိုင်ရေးတာဝန်ခံများနှင့်တွေ့ဆုံ
မောင်မောင်ဝင်း Wednesday, 09 October 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းသည် စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဆားလင်း ကြီးမြို့နယ် ပါတီကော်မတီဝင် များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု စည်းရုံးရေးမှူး များ၊ မဲရုံအလိုက်အောင်နိုင်ရေး တာဝန်ခံများနှင့်တွေ့ဆုံပွဲသို့ ယနေ့ နံနက် ၉နာရီခွဲတွင် တက်ရောက်ခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ ပါတီ ဗဟိုကော်မတီဝင် ဒေါ်ကျော့ယဉ် ဝင်း၊ ယင်းမာပင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ ခရိုင်အတွင်းရေးမှူး ဦးမောင်မောင်ဝင်းနှင့်ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်ကြူကြူစိန်၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးအောင် သန်းနှင့်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုစည်းရုံးရေးမှူးများ၊ မဲရုံ အလိုက်အောင်နိုင်ရေးတာဝန်ခံများ တက်ရောက်ကြပြီး ရှေ့လုပ်ငန်း စဉ်များအား အကျေအလည်ဆွေး နွေးခြင်း၊ မဲရုံအလိုက်အောင်နိုင်ရေး တာဝန်ပေးခန့်အပ်လွှာများ ပေး အပ်ကာ အစည်းအဝေးကို မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် ကျင်းပပြီး စီးခဲ့သည်။