images
UN
UN
ပါတီဗဟိုအတိုင်ပင်ခံဦးဉာဏ်ဝင်း ပဝါရဏာပွဲအတွက်ငွေလှူဒါန်း
အောင်ဆန်းဝင်း(ကြံခင်း) Wednesday, 09 October 2019


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဇီးကုန်း မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းသည်ယနေ့ ညနေပိုင်းက ဇီးကုန်းမြို့ ဇောတိကာရုံကျောင်းတိုက်သို့ သွားရောက်ပြီး ပဓာနနာယက ဆရာတော်အားဖူးမြော်သည်။
ထို့နောက် ဗဟိုအတိုင်ပင်ခံ ဦးဉာဏ်ဝင်းသည် သီတင်းကျွတ်လပြည့် နေ့၌ ကျင်းပမည့် သံဃပဝါရဏာပွဲကျင်းပရန်နှင့် ဇောတိကာရုံကျောင်း တိုက် မဟာဘုံကထိန် အလှူတော်ခင်းကျင်းရန် အလှူတော်ငွေများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။