images
UN
UN
ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါပုံမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ
ဝင်းကျော်(ဒေါပုံ) Wednesday, 09 October 2019


ရန်ကုန်တိုင်းဒေသကြီးဒေါပုံမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁ဝနာရီခွဲက တိုင်း၊ခရိုင်၊မြို့ နယ်၊ရပ်ကွက်ပါတီတွေ့ဆုံပွဲကျင်းပ ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊တိုင်း ဒေသကြီးပါတီကော်မတီဝင် နယ် မြေတာဝန်ခံဒေါ်အေးအေးမြင့်၊ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီ ကော်မတီအတွင်းရေးမှူးဒေါ်ဇာခြည် လင်း၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီနာယကဦးဝေဇင်၊ဦးသက် နိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးမောင် မောင်သန်း၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။