images
UN
UN
ပျဉ်းမနားပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့်ရပ်ကျေးအစည်းအဝေးကျင်းပ
ထက်ဦး(ပျဉ်းမနား) Wednesday, 09 October 2019

ပျဉ်းမနားမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အနေ ဖြင့် မြို့နယ်နှင့်ရပ်ကျေးပုံမှန်လပတ် အစည်းအဝေး (၁ဝ/ ၂ဝ၁၉)ကို ယနေ့ နံနက် နံနက် ၉နာရီမှ ၁၁ နာရီအထိ မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့နေပြည် တော်ခရိုင်ပါတီကော်မတီဝင်ဒေါ်ဖြူ ဖြူကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီနှင့်မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌ များနှင့် လူငယ်ပါတီဝင်များ၊သီဟ သွေးများ စုံလင်စွာတက်ရောက်ခဲ့ ကြသည်။
ပထမဦးစွာ နေပြည်တော်ခရိုင် ပါတီကော်မတီဝင်ဒေါ်ဖြူဖြူကျော် ကအမှာစကားပြောကြားခဲ့ပြီးမြို့နယ် ပါတီဥက္ကဋ္ဌဒေါ်ဝင်းဝင်းသီကပါတီ အောင်နိုင်ရေးများကိုလည်းကောင်း၊ ပါတီအတွင်းရေးမှူး ဦးဇော်တူး အောင်က မဲရုံကိုယ်စားလှယ်များ ၏ အခန်းကဏ္ဍများနှင့် ကြိုတင် စီမံထားရန်တို့အား လည်းကောင်း၊ မြို့နယ်ပါတီကော်မတီဝင်များက လည်းအခြားပါတီသတင်းများပေးပို့ ကြရန်နှင့် ပါတီအောင်နိုင်ရေးလုပ် ငန်းများဆွေးနွေးခဲ့ကြပြီးတက်ရောက် လာကြသူများနှင့်အပြန်အလှန်ဆွေး နွေးခဲ့ကြောင်း သိရသည်။