images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ဟားခါးမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်
သက်ပိုင် Wednesday, 09 October 2019

ချင်းပြည်နယ် ဟားခါးမြို့နယ် ဖာရွန်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆိုပါကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆေးကုသရေးအဖွဲ့မှ ဒေသခံ တိုင်းရင်း သားပြည်သူ ၁၃၃ ဦး တို့ကို သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။