images
UN
UN
ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏမောင်လွင် နွားထိုးကြီးမြို့နယ် ပါတီဝင်သစ်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
သုတ(မန္တလေး) Wednesday, 09 October 2019

နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီအဖွဲ့များ၏ ပါတီတွင်းဆွေးနွေးပွဲ ဖွင့်ပွဲနှင့်ပါတီဝင် သစ်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့သည်။
အခမ်းအနားအား နိုင်ငံတော်အလံ အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုဖွင့်လှစ်ပြီးနောက် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် မန္တလေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ သည်။
ဆက်လက်၍ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဝင်သစ် ၃၂၈ဦးတို့၏ ပါတီဝင်အဆိုပြုလွှာများလက်ခံခြင်းနှင့် ပါတီဝင် ၇၁၅ ဦးတို့၏ ပါတီဝင်ကတ်ပြား များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပြီး နောက် အခမ်းအနား အောင်မြင်စွာပြီးဆုံး ခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသ ကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် နှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ ခရိုင်ပါတီကော်မတီဝင်များ၊ နွားထိုးကြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ဖေ၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးပို၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင် များတက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီသို့ အသစ်ဝင်ရောက်လာသော ပါတီဝင် အသစ် ၃၂၈ ဦးနှင့် ပထမအကြိမ် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲတွင် အသစ်ဝင် ရောက်လာသော ပါတီဝင်သစ် ၃၈၇ ဦး စုစုပေါင်း ၇၁၅ ဦးတို့ အတွက် ပါတီဝင် ကတ်ပြားများ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။