images
UN
UN
ပါတီဗဟိုအတွင်းရေးမှူးက မိမိအကျိုးနှင့်ပါတီအကျိုးယှဉ်လာလျှင် ပါတီအကျိုးကို ဦးစားပေးရမှာဖြစ် မိမိသည်ပါတီအတွက်ဖြစ်၍ ပါတီသည်မိမိအတွက်မဖြစ်ရန် ဂရုပြုရန်လိုအပ် ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းဆိုင်ရာအစည်းအဝေးတွင်ပြောကြား
Wednesday, 09 October 2019

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကျင်းပသော ပါတီလုပ်ငန်းဆိုင်ရာအစည်း အဝေးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက် ရောက်ပြီး မိမိအကျိုးနှင့် ပါတီအကျိုးယှဉ် လာလျှင် ပါတီအကျိုးကို ဦးစားပေးရမှာ ဖြစ်ကြောင်း၊ မိမိသည် ပါတီအတွက် ဖြစ်ဖို့လိုသလို ပါတီသည် မိမိအတွက် မဖြစ်စေရန် ဂရုပြုရမည်ဖြစ်ကြောင်း၊ ပြည် သူကို အစဉ်အမြဲ အလုပ်အကျွေးပြုရမည် ဖြစ်ကြောင်း၊ ပါတီတွင်း စည်းလုံးညီညွတ် မှုရှိရန် လိုအပ်ကြောင်း၊ အကြီးအကဲဝတ် မိတ်ဆွေဝတ်များကို လိုက်နာကျင့်ကြံရန် လိုအပ်ကြောင်း၊ ယုံကြည်ချက် ခံယူချက် ဖြင့် ပါတီလုပ်ငန်းများအောင်မြင်ရေးကို ပူးပေါင်းညှိနှိုင်း တိုင်ပင်ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး ကံမမြို့နယ် တောင်ချောင်းဘက်ခြမ်းမှ ပြည်သူများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ကံမ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စု များမှ ပါတီဥက္ကဋ္ဌများနှင့် တောင်ချောင်း ဘက်ခြမ်းမှ ပြည်သူများတက်ရောက်ခဲ့သည်။