images
UN
UN
ငယ်ငယ်တုန်းက သီတင်းကျွတ်
ကို(တက္ကသိုလ်) Wednesday, 09 October 2019

* စန်းယုန်ရွှန်းမြ တိမ်လွတ်ညဝယ်
ဗုဒ္ဓမြတ်စွာ ဝတိံသာမှ
လူ့ရွာသက်ဆင်း ကြည်ညိုခြင်းဖြင့်
ထိန်လင်းစေသော်ဝ် မီးပူဇော်သည်
တူပျော်နွှဲကြ ဝါကျွတ်လ။
* ပြာဝါစိမ်းနီ လင်းလက်ကြည်စွ
ဆီစိမ်မီးပုံး ပန်းစုံကုံးသို့
ပိုးစုန်းကြူးငယ် ရှုံးလောက်ဖွယ်တည့်
မီးစွယ်သေးမှိန် စုမိချိန်မူ
ထိန်ညီးရွှန်းတောက် ညဥ့်မှောင်ဖောက်သည်
ြ<ွကရောက်ရှင်တော် ပူဇော်တကား။
* လူသူခပင်း
မြို့တွင်းလှည့်လည် ပွဲတော်စည်စွ
မီးကျည်မီးရှူး မိုးယံမြူး၍
ထူးကဲသဏ္ဌာန် မီးပုံးပျံလည်း
အားအန်ဖြိုြး<ွက မှိုင်းပြည့်ဝလျှင်
ကြိုးစဖြတ်လျက် ရိပ်ရိပ်တက်ပြီ
လက်ခုပ်လက်ဝါး မြိုင်တကား။
* ကစားဖော်တို့
မြူးပျော်စနောက် လန့်အောင်ခြောက်ကြ
ဗျောက်အိုးသံလွှမ်း ဝှေ့ဝှေ့ယမ်းက
မီးပန်း မီးပွား လွင့်ဖြာသွားခဲ့
စပါးကြီြးေ>ွမ ညှို့မိလေသို့
နေရာဟောင်းမှ ထွက်မရချေ
ဝင်္ကပါလမ်း မမောပန်းနိုင်
ငယ်ကျွမ်းဖော်တို့ ပျော်တကား။
* လူကြီးသူမ ဂါရဝဖြင့်
ဦးချနှိမ်ကာ ကန်တော့ရာဝယ်
သာဓုဆုပေး မုန့်ဖိုးပေး၏
ရှေးထုံးမွေနှစ် စွဲမြဲချစ်၍
နှစ်ရာထောင်တိုင် မမေ့နိုင်တည့်
ပြိုင်ဆိုင်မဲ့ကင်း ဟန်ဆောင်ကင်းကာ
ကောင်းခြင်းပျံ့မွှေး လွန်ယဉ်ကျေးသော
ရှေးကစဉ်လာ တို့ရိုးရာကို
ခါခါ အောက်မေ့ မိတကား။