images
UN
UN
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
ဦးအေးမြင့်(ကျိုက်ဝိုင်း) Thursday, 10 October 2019
မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ် သီ တင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာ ဝင်အပေါင်းတို့၏ ''အဘိဓမ္မာအခါတော် နေ့ဖြစ်ပါသည်။ မြန်မာ့ဆယ့်နှစ်လရာ သီ၌ ဗုဒ္ဓဘာသာဆိုင်ရာ အခါတော်နေ့ များတွင် ထူးခြားလေးနက်မှုရှိသောအခါ တော်နေ့မြတ်ဖြစ်ပါသည်။
သီတင်းကျွတ်လဟူသည်
သီတင်းကျွတ်လသည်ကား မြန်မာ အလိုအရ ခုနစ်လမြောက်လပင်ဖြစ်ပါ သည်။ ဗုဒ္ဓဘာသာဝင်များအဖို့ ထူးမြတ် သောလဖြစ်ပါသည်။ သီတင်းကျွတ် သို့မဟုတ် ဝါကျွတ်ဟုလည်း ဆိုကြပါ သည်။ ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်း ကာလဟု သတ်မှတ်ကြပါသည်။
သီတင်းကျွတ်လဟူ၍ ရှေးအခါက ခေါ်ဆိုရေးသားခြင်းမရှိ။ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ဟု ဆိုကြသည်။ သန်တူလ၏အဓိပ္ပာယ်မှာ ကောက်စပါး ပင်များ ပေါက်ဖွား၊ ထွက်ထထောင်မတ် လာသောလဟု ယူဆကြောင်း ရှေးသူ ဟောင်းတို့ အဆိုရှိ၏။ ပုဂံခေတ်ထိုး ကျောက်စာတို့တွင် သက္ကရာဇ် ၅၇၄ခုနှစ် ထိုး တူရွင်းတောင် စောရဟန် သိမ် ကျောက်စာအတွင်း စာသားတစ်နေရာ၌ 'သီတင်းချွတ်'ဟူသောအသုံးကို ရှေးဦး စွာတွေ့ရလေသည်။ သီတင်းချွတ်ဟူ သောစကားသည် 'သီတင်းသီလစောင့် ထိန်းသူတို့က ချွတ်လွတ်ကုန်ဆုံးအောင် ပြုသည်'ဟု အနက်ထွက်လေသည်။
သီတင်းကျွတ်ဟူသော မြန်မာ့အခေါ် အဝေါ် အသုံးအနှုန်းကို အင်းဝခေတ် သက္ကရာဇ် ၈ဝဝပြည့်နှစ်ခန့်က သုံးနှုန်း ခဲ့ကြကြောင်း သိရပါသည်။ သတင်း ကျွတ်ဟူသော အရေးအသားမှ သီတင်း ကျွတ်ဟု ရေးလာကြပါသည်။ ဝေါဟာ ရ လီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လ သည် မိုးဥတုနောက်ပိုင်း လတစ်ခုဖြစ် သည်ဟု ဆိုသည်။ သီတင်းကျွတ်လကို တူရာသီဟုခေါ်၍ ရာသီရုပ်မှာ ချိန်ခွင် ကိုင်စွဲသောယောက်ျားသဏ္ဌာန်ဖြစ်သည်။ ထိုရာသီ၌ အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ ဆို သည်။ ကြာပန်းကို ရာသီပန်းအဖြစ် အသိအမှတ်ပြု၍ ကျီးတာရာထွန်းပသည်။ သီတင်းကျွတ်လ၌ ရွာသောမိုးကို ပလ္လင် ဆေးမိုးဟု ခေါ်ကြသည် ရှေးပညာရှိ များက ''သီတင်းကျွတ်တွင် ပလ္လင်ဆေး မိုး ရွာသွန်းဖြိုး''ဟူ၍ ဆိုကြ၏။

ဝါလကင်းလွတ်သီတင်းကျွတ်ဟူသည် နှင့်အညီ ရဟန်းသံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင်ပဝါရဏာပြု ၍ လိုရာခရီးသို့ လွတ်လပ်စွာသွားရောက် သီတင်းသုံးနိုင်ကြပြီဖြစ်ပေသည်။
ရှေးအခါမှ မျက်မှောက်ကာလတိုင် အိမ်နေရာအဆောက်အအုံများ၌ရောင်စုံမီး များထွန်းညှိ၍ဘုရားရှင်အားရည်စူး၍ပူဇော် ကြပါသည်။ ဘုရားစေတီအသီးသီးတို့၌ လည်း ဆီမီးပူဇော်ပွဲများကို အဖိတ်နေ့၊ လပြည့်နေ့၊လပြည့်ကျော်တစ်ရက်နေ့ညများ တွင် ထူးထူးခြားခြားပူဇော်ကြပါသည်။
အဘိဓမ္မာအခါတော်နေ့ဖြစ်ပေါ်လာပုံ
သီတင်းကျွတ်လပြည့်နေ့ကို အဘိ ဓမ္မာအခါတော်နေ့ဟု သတ်မှတ်ရခြင်းမှာ အဘိဓမ္မာတရားတော်များ ဟောကြားမှု အောင်မြင်စွာ ပြီးဆုံးသောနေ့ဖြစ်သော ကြောင့်ဖြစ်သည်။အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို နိုင်ငံတော်၏တစ်ဝန်း၌ စည်ကားစွာကျင်းပလျက်ရှိကြပါသည်။
အဘိဓမ္မတရားတော်များဟောကြား
ဂေါတမမြတ်စွာဘုရားသည် ပထမ ဝါကို မိဂဒါဝုန်၊ ဒုတိယဝါ၊ တတိယ ဝါ၊ စတုတ္ထဝါတို့ကို ရာဇဂြိုဟ်ပြည်၊ပဉ္စမ ဝါကို ဝေသာလီပြည်၊ ဆဋ္ဌမဝါကို မကုဠတောင်တို့တွင် ဝါကပ်တော်မူခဲ့ပါ သည်။ မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် သက်တော် ၄၂နှစ်တွင် တာဝတိံသာနတ် ပြည်၌ သတ္တမဝါတော်ကို ဝါကပ်တော် မူခဲ့ပါသည်။ သိကြားမင်း၏ ပဏ္ဍုကမ္ဗ လာကျောက်ဖျာထက် ပင်လယ်ကသစ် ပင်ရင်း၌ စံတော်မူလျက် ဝါတွင်းသုံး လပတ်လုံး အသံတော်မစဲဘဲ ရေတံခွန် က ရေတသွင်သွင်ကျနေသကဲ့သို့ အဘိ ဓမ္မာတရားတော်များ ဟောကြားတော်မူ ခဲ့ပါသည်။
သဗ္ဗညုတဗုဒ္ဓအဖြစ်သို့ ရောက်တော် မူပြီးနောက် စတုတ္ထသတ္တဟရတနာဃရ ရွှေအိမ်၌ သီတင်းသုံးတော်မူစဉ် အဘိ ဓမ္မာခုနစ်ကျမ်း သုံးသပ်ဆင်ခြင်ကာ ဓမ္မ သင်္ဂဏီကျမ်း၊ ဝိဘင်္ဂကျမ်း၊ ဓာတုကထာ ကျမ်း၊ ပုဂ္ဂလပညတ္တိကျမ်း၊ ကထာဝတ္ထု ကျမ်း၊ ယမကကျမ်းစသည့် ကျမ်း ခြောက်ကျမ်းကို ဆင်ခြင်ပြီးနောက် ပဋ္ဌာန်းကျမ်းကို ဆင်ခြင်တော်မူသော အခါ မြတ်ဗုဒ္ဓ၏ ကိုယ်တော်မှ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္စိဋ္ဌ၊ ပဘဿရတည်းဟူသော ရောင်ခြည် တော်ခြောက်သွယ်တို့ ကွန့်မြူးတော်မူခဲ့ ပါသည်။ထိုစတုတ္ထသတ္တဟကို အဘိဓမ္မာ သတ္တဟဟုပင် ဆိုထိုက်ပေသည်။

ဘုရားရှင် တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားတော်များကို ဟော ကြားရခြင်းမှာ ပွင့်တော်မူပြီးသော ဘုရား ရှင်တိုင်း တာဝတိံသာနတ်ပြည်၌ ဟော ကြားခဲ့ခြင်း၊ မယ်တော်ကိုကျေးဇူးဆပ် လိုခြင်း၊ မိဘကျေးဇူးတို့အား သတ္တဝါတို့ နားလည်စေလိုခြင်းနှင့် အစအဆုံးဟော ကြားနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် နေ့စဉ်ဆွမ်းခံချိန်သို့ ရောက်လျှင် နိမ္မိတတစ်ဆူကို မိမိကိုယ် စား တရားဆက်လက်ဟောကြားရန် အဓိ ဋ္ဌာန်ထားတော်မူပြီး မြောက်ကျွန်းဥတ္တရ ကုရုသို့ ဆွမ်းခြံ<ွကတော်မူ၏။ ၄င်းနောက် ဟိမဝန္တာရှိ အနောတတ်အိုင်၏ ဆိပ်ကမ်း သာ၌ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် စန္ဒကူးတောတွင် နေ့သန့်စင်တော်မူပါ သည်။ ထိုစဉ် ဓမ္မသေနာပတိ အရှင်သာ ရိပုတ္တရာသည် ဘုရားရှင်ထံမှောက်သို့ ရောက်လာပြီး ဝတ်ကြီးဝတ်ငယ် ပြုတော် မူပါသည်။
မြတ်ဗုဒ္ဓက အရှင်သာရိပုတ္တရာအား တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ သော အဘိဓမ္မာဒေသနာတော်ကို နည်း ရရုံ အကျဉ်းနည်းဖြင့် ဟောကြားခဲ့ပါ သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် အဘိ ဓမ္မာဒေသနာတော်ကို လူ့ပြည်နှင့်နတ် ပြည်တို့၌ တစ်ပြိုင်တည်းဟောကြား တော်မူခဲ့ပါသည်။
အရှင်သာရိပုတ္တရာသည် ပညာအရာ တွင် ဧတဒဂ်ရပုဂ္ဂိုလ်ဖြစ်၍ မြတ်စွာ ဘုရားထံမှ အကျဉ်းနည်းဖြင့် သင်ယူခဲ့ သော အဘိဓမ္မာဒေသနာတော်များကို ပဋိ သမ္ဘိဒါလေးပါးဖြင့် အကျယ်ချဲ့ သိတော် မူပါသည်။ ဘုရားရှင်ထံမှ သင်ယူ နာ ကြားခဲ့ရသော အဘိဓမ္မာဒေသနာတော် ကို တပည့်များဖြစ်ကြသော လင်းနို့သား ငါးရာဖြစ်ခဲ့ဖူးသည့် ရဟန်းငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်သောနည်းဖြင့် ပြန်လည်ဟောကြားတော်မူခဲ့ပါသည်။
သဗ္ဗညုတဂေါတမမြတ်စွာဘုရား တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာဒေသ နာတော်ကို ဟောကြား၍ ပြီးဆုံးသော အခါ နတ်ဗြဟ္မာကုဋေပေါင်းရှစ်သောင်း တို့သည် သစ္စာလေးပါးကို သိမြင်ပြီး ကျွတ်တမ်းဝင်ကြရကုန်၏။ မယ်တော် မိနတ်သားဖြစ်သော သန္တုဿီတနတ်သား လည်း သောတာပတ္တိဖိုလ်၌ တည်လေ တော့သည်။ သုံးလူ့ထွတ်တင် ဂေါတမ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ် ပြည်၌ အဘိဓမ္မာတရားတော်များကို ဝါ တွင်းသုံးလပတ်လုံး ဟောကြားတော်မူ ပြီး သီတင်းကျွတ်လပြည့်နေ့ညတွင် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည် မြို့ဦး တံခါးသို့ နတ်ဗြဟ္မာများခြံရံလျက် စောင်း တန်းသုံးသွယ်ဖြင့် ဆင်းတော်မူသည်။
အဘိဓမ္မာဟူသည်
အဘိဓမ္မာတရားဟူသည်ကား အဘိ =သာလွန်သော၊ ထူးဆန်းသော၊ ဓမ္မ= သင်ယူထိုက်သော ပါဠိတော်(သို့မဟုတ်) သတ္တဝါတို့ ဆင်းရဲငြိမ်းအောင်မြတ်စွာဘုရား ဟောကြားအပ်သောတရား၊ အဘိဓမ္မာ ပိဋကသည် ဝိနည်းပိဋက၊ သုတ္တန်ပိဋက တို့ထက် ဓမ္မက္ခန္ဓာအရေအတွက်အား ဖြင့်လည်းကောင်း ဟောကြားသော နည်း အရေအတွက်အားဖြင့် လည်းကောင်း၊ ထူးခြားဆန်းကြယ်မှု၌ လည်းကောင်း၊ ကောင်းမွန်သာလွန်သော တရားတော်ဖြစ် ခြင်းကြောင့် အဘိဓမ္မာဟုအမည်တွင်ခြင်း ဖြစ်ပါသည်။ ဓမ္မက္ခန္ဓာပေါင်း ၈၄ဝဝဝ ရှိရာ သုတ္တန်ပိဋကမှာ ဓမ္မက္ခန္ဓာ ၂၁ဝဝဝ၊ ဝိနည်းပိဋကမှာ ဓမ္မက္ခန္ဓာ ၂၁ဝဝဝ၊ အဘိ ဓမ္မာပိဋကမှာ ၄၂ဝဝဝ ရှိပါသည်။