images
UN
UN
အိုဇေးလ်ကို ရောင်းချရန် အာဆင်နယ် ဆွေးနွေးနေ
Thursday, 10 October 2019
အာဆင်နယ်အသင်းသည် လာ မည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလ တွင် အိုဇေးလ်အားရောင်းချရန် ဖီနာဘာချီအသင်းနှင့် ဆွေးနွေးမှု များ ပြုလုပ်နေပြီဖြစ်သည်။ အို ဇေးလ်သည် အာဆင်နယ်၌ တစ် ပတ်လစာပေါင်သုံးသိန်းခွဲအထိ ရရှိနေသူဖြစ်သော်လည်း ခြေစွမ်း မပြနိုင်ခြင်းကြောင့် ယခုရာသီတွင် နှစ်ပွဲသာ ပွဲထွက်ခွင့်ရရှိထားသည်။ အာဆင်နယ်နည်းပြ အမ်မရီကိုယ် တိုင်က ၄င်းထက် ပိုကောင်းသည့် သူများ ရှိနေခြင်းကြောင့် ပွဲထွက် ခွင့်မရခြင်းဖြစ်ကြောင်း ဖွင့်ဟထား ပြီး နယ်လ်ဆင်၊ ကာဘယ်လော့စ် နှင့် ဝယ်လ်လော့စ်တို့ကို ဦးစား ပေးပွဲထုတ်နေသည်။ ဖီနာဘာချီ နှင့်ဆွေးနွေးမှုပြုလုပ်နေသော်လည်း ကစားသမားကို အပြီးသတ်ဝယ် ယူနိုင်ရန်ခက်ခဲသောကြောင့် အငှား ဖြင့်ပြောင်းရွှေ့ခွင့်ပြုရန်သာရှိသည်။ အိုဇေးလ်သည် အာဆင်နယ် အတွက် ၁၆၇ ပွဲကစားထားသူ ဖြစ်သည်။ Ref;Goal