images
UN
UN
အခြေခံပညာကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပမည်
ဇင်မင်းနိုင် Thursday, 10 October 2019
ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် အသက် ၁၂ နှစ် အောက် (U 12)တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာကျောင်း ပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲကို ယခုလ ၁၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အသက် ၁၂ နှစ်အောက် တိုင်း ဒေသကြီးနှင့်ပြည်နယ်အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲအား ရန်ကုန် မြို့ အမျိုးသားဘောလုံး အကယ် ဒမီ မြက်ခင်းတုကွင်းတွင် ကျင်းပ သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသင်းများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည် နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် နေပြည်တော် စသည့် အသင်း ပေါင်း ၁၇ သင်း ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါပြိုင်ပွဲဝင်ကစားသမား များသည် အသက် ၁၂ နှစ်ထက် မကျော်လွန်သူဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးဖက်ဆိုင်ရာ နှင့်အသက်စိစစ်ရေးအဖွဲ့မှစစ်ဆေး အောင်မြင်သူများဖြစ်ရမည်။ ပြိုင်ပွဲ အုပ်စုရေးဆွဲမှုကို ယခုလ ၁၈ ရက် တွင် ပြုလုပ်သွားမည်ဖြစ်သည်။