images
UN
UN
ပါတီဗဟိုအတွင်းရေးမှူးက ပြည်သူအပေါ် ပါတီအပေါ် ပေးဆပ်လိုမှုဖြင့်သာ ဂုဏ်ယူကြပါ ရယူလိုမှုကိုတော့ မစဉ်းစားပါလေနှင့်ဟု ကံမမြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင်ပြောကြား
Thursday, 10 October 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၉နာရီခွဲက ပါတီဝင်များနှင့်တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက တက်ရောက်လာကြသော ကံမမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာ အုပ်စုများမှကျေးရွာပါတီဥက္ကဋ္ဌများနှင့်ပါတီ တာဝန်ရှိသူများအား အမှာစကားပြောကြား ရာတွင် ပြည်သူအပေါ် ပါတီအပေါ်တွင် ပေးဆပ်လိုမှုဖြင့်သာ ဂုဏ်ယူကြပါ။ ရယူ လိုမှုကိုတော့ မစဉ်းစားကြပါနှင့်။ မြို့နယ် နှင့်ရပ်ကွက်ပါတီ အဖွဲ့အစည်းများသည် အခြေခံအကျဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူလူထုကို အမြဲမပြတ်ထိတွေ့ဆက် ဆံနေရသဖြင့် မိမိကြောင့် ပါတီအတွက် ဂုဏ်သိက္ခာကျဆင်းစေရေး၊ ပြည်သူလူထု အထင်အမြင်လွဲမှားမှုဖြစ်ရေး မဖြစ်အောင် အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်းနှင့် ယခင်တွေ့ကြုံခဲ့သည့် အတွေ့ အကြုံများ၏ အားသာချက်များကို ဆက် လက်ဖော်ဆောင်ပြီး အားနည်းချက်များကို ပြုပြင်သွားကြရမည်ဖြစ်ကြောင်း အစည်း အဝေးတွင် အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် ကံမမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်ဦးက ပါတီလုပ်ငန်းဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ နောက် တက်ရောက်လာကြသည့်ပါတီဝင် များ၏ မေးမြန်းချက်များကို ပါတီဗဟို အတွင်းရေးမှူးက ရှင်းလင်းပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ နံနက် ၁၁ နာရီခွဲတွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။