images
UN
UN
မဟာဒုက်ဆွမ်းအလှူနှင့်ကုသိုလ်ထူး
တက္ကသိုလ်သင်္ခ Friday, 11 October 2019
စာရေးသူ ဒေါပုံမြို့နယ် ပုသိမ်မြေ ရပ်ကွက်တွင် ခေတ္တနေထိုင်စဉ်ကဖြစ် သည်။ ပုသိမ်မြေရပ်ကွက်နှင့် ကပ်လျက်ရှိ သည့်ရပ်ကွက်မှာ ''ဆေးစက်''ရပ်ကွက် ဖြစ်၏။ ယင်းရပ်ကွက်တွင် ပရိယတ္တိ စာသင်တိုက်ကြီးတစ်တိုက်ရှိ၏။ ယင်း စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် အား အမှူးထား၍ ဆေးစက်ရပ်ကွက်မှ စေတနာရှင်၊ အလှူရှင်များ ဦးစီး၍ ''မဟာဒုက်''အလှူပွဲ ကျင်းပသည်ကို တွေ့လိုက်ရသဖြင့် စာရေးသူလက်ရှိနေ ထိုင်သော ရပ်ကွက်တွင် ယင်းအလှူပွဲမျိုး တွေ့ရခဲသည့်အတွက် စာရေးသူ ကြည်နူး ပီတိဖြစ်ခဲ့ရပါ၏။
''မဟာဒုက်''ဟူသည် ဆွမ်းလောင်း ပွဲတစ်ခုကို အကြောင်းပြု၍ ဖြစ်ပေါ်လာ သော အမည်ဖြစ်ပြီး ''မဟာဒုဂ္ဂတ'' ဟူသော ပါဠိမှဆင်းသက်လာခြင်းဖြစ် သည်။ ''အလွန်ဆင်းရဲသောသူ''ဟူ၍ အဓိပ္ပာယ်ရ၏။
ကဿပမြတ်စွာဘုရားရှင်လက်ထက် က ဖြစ်၏။ ဘုရားရှင်သည် နောက်ပါ တပည့်သာဝကနှစ်သောင်း ခြံရံလျက် ဗာရာဏသီပြည်သို့ြ<ွကချီတော်မူခဲ့၏။ ထိုနှစ်သောင်းသော ရဟန်းသံဃာများ အတွက် တစ်ဦးတစ်ယောက်တည်းဖြင့် ဆွမ်းကပ်ရန် ခက်ခဲလှသောကြောင့် တိုင်း သူပြည်သားများသည် မိမိတို့ တတ်စွမ်း သမျှ ရဟန်းသံဃာများကို ငါးပါး၊ ရှစ် ပါး၊ ဆယ်ပါး စသည်ဖြင့် ပင့်ဆောင်ကာ ဆွမ်းများလှူဒါန်း ဆက်ကပ်ကြ၏။ ဆွမ်း အလှူပွဲကြီးအပြီး၌ မြတ်စွာဘုရားရှင် သည် ဆွမ်းအနုမောဒနာတရားကို ဟော ကြားတော်မူသည်။
ထိုဆွမ်းအနုမောဒနာတရားကိုနာကြား ကြရကုန်သော ပညာရှိသူတော်ကောင်း တို့သည် နောက်တစ်နေ့နံနက်၌လည်း ရဟန်းသံဃာတော်နှစ်သောင်းနှင့်တကွ ဆွမ်းအလှူခြံ<ွကတော်မူပါရန် လျှောက် ထားခဲ့၏။ ထို့အပြင် တရားနာမှ အပြန် တွင် နီးစပ်ရာအိမ်များသို့ဝင်၍ ''နက်ဖြန် မနက် မိုးသောက်သောအခါ၌ မြတ်စွာ
ဘုရားရှင်နှင့်တကွ သံဃာတော်အပါး နှစ်သောင်းဆွမ်းစားကြွမည်ဖြစ်သောကြောင့် ငါးပါး၊ရှစ်ပါး၊ဆယ်ပါးစသည်ဖြင့်တတ် နိုင်သမျှ လှူဒါန်းကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါတယ်ခင်ဗျား''ဟု နိဗ္ဗာန် ဆော်များက နှိုးဆော်တိုက်တွန်းကြ၏။
ထိုစဉ်အခါ၌ နိဗ္ဗာန်ဆော်၏အနီးတွင် ''မဟာဒုက်''ကို တွေ့ရ၏။ မဟာဒုက် သည် အားငယ်သော မျက်နှာဖြင့် ငေး မှိုင်နေ၏။ ထိုအခါ နိဗ္ဗာန်ဆော်သည် မဟာဒုက်အား ''မရှိ၍ မလှူ၊ မလှူ၍ မရှိ''ကြောင်းကို ပြောဆိုတိုက်တွန်းရာ မဟာဒုက်သည် သံဃာတစ်ပါး တာဝန် ယူပါမည့်အကြောင်း နိဗ္ဗာန်ဆော်အား ဝမ်းသာအားရဖြင့် စာရင်းပေးခဲ့၏။

အိမ်ပြန်ရောက်သောအခါ အိမ်ရှင်မ နှင့် တိုင်ပင်၍ ငွေအရှာထွက်ရာ သူဌေး တစ်ဦးထံမှ စာရင်းငှားလုပ်အားခအဖြစ် သလေးဆန်ရှစ်စလယ်ကို ရရှိခဲ့၏။ အိမ် ရှင်မသည်လည်း သူဌေးကတော်တစ်ဦး ထံမှလုပ်အားခအဖြစ် ထောပတ်တစ်ဇလုံ၊ နို့ဓမ်းအိုးနှင့် သလေးဆန်တစ်စလယ်ကို ရရှိခဲ့၏။
နောက်တစ်နေ့ နံနက်စောစောတွင် မဟာဒုက်သည် ဟင်းသီးဟင်းရွက်ရှာ ရာတွင် ဈေး၌မရသောကြောင့် မြစ်ကမ်း နားသို့သွားကာ ဟင်းသီးဟင်းရွက်များ ခူးနေ၏။ တံငါသည်တို့က မဟာဒုက်ကို တွေ့သဖြင့်ခေါ်ပြီး ငါးများကို တန်ဖိုး အလိုက်တွဲခိုင်းပြီး ထိုနေရာမှာပင်ရောင်း ချစေ၏။ မဟာဒုက် ပြန်သည့်အခါတွင် ငါးကြင်းလေးကောင်ကို ဆွမ်းကပ်ရန် တံငါသည်တို့က ပေးလိုက်၏။
ထိုမဟာဒုက်၏ သဒ္ဓါတရားကို ချီးမြှောက်လိုသောကြောင့် သိကြားမင်း သည် ဆွမ်းချက်ရန် တာဝန်ယူခဲ့၏။ နောက်တစ်နေ့နံနက်၌ မဟာဒုက်သည် ဝမ်းသာအားရဖြင့် သံဃာပင့်ရန် သွား သောအခါ နိဗ္ဗာန်ဆော်သည် မဟာဒုက် ပေးထားသောစာရင်းကို မှတ်မထားမိ၍ သံဃာမရရှိခဲ့ပေ။
နိဗ္ဗာန်ဆော်၏အကြံပေးမှုဖြင့် မဟာ ဒုက်သည် မြတ်စွာဘုရားကို ပင့်လျှောက် ရန် ဂန္ဓကုဋိတံခါးအနီးသို့ ရောက်ခဲ့၏။ ထိုဂန္ဓကုဋိတံခါးအနီးတွင် မင်း၊ ပုဏ္ဏား၊ သူဌေး၊ သြူ<ွကယ်၊ ကုန်သည်၊ ပွဲစားများ သည် မြတ်စွာဘုရားအား သူ့ထက်ငါဦး ၍ ပင့်ရန်စောင့်ဆိုင်းနေကြ၏။ မဟာဒုက် ကိုလည်း သူတောင်းစားထင်၍ ငေါက် ငမ်းအော်ဟစ်ကာ မောင်းထုတ်ကြ၏။
မဟာဒုက်သည် မလျှော့သောဇွဲလုံ့လ တို့ဖြင့် ဂန္ဓကုဋိတံခါးဝမှ ''ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ ဘုရား တပည့်တော်သည် ဆင်းရဲလှပါသည်။ ဘုရားတပည့်တော်ကို ငဲ့ညှာသနားသော အားဖြင့်ြ<ွကရောက်ချီးမြှင့်၍ ဆွမ်းဘုဉ်း ပေးတော်မူပါဘုရား''ဟု သနားစဖွယ် လျှောက်ထားရာ ဘုရားရှင်သည် မဟာ ဒုက်အား သပိတ်တော်ကို ချီးမြှင့်တော် မူလေသည်။
မင်း၊ပုဏ္ဏား၊သူဌေးသြူ<ွကယ်၊ကုန်သည် ပွဲစားတို့က မဟာဒုက်ထံမှ သပိတ်တော် ကို ငွေကြေးပေး၍ ဝယ်ကြသော်လည်း မဟာဒုက်သည် သပိတ်တော်ကို မရောင်း ခဲ့ပေ။ ထို့နောက် မဟာဒုက်သည် မြတ်စွာ ဘုရားရှင်အား ဆွမ်းကပ်လှူဒါန်းခဲ့၏။ ဆွမ်းအနုမောဒနာတရားကို နာကြားပြီး နောက် မဟာဒုက်တို့ ဇနီးမောင်နှံသည် သောတာပန်တည်ခဲ့၏။သိကြားမင်းသည် မဟာဒုက်၏အိမ်ပေါ်သို့ ရတနာခုနစ်ပါး မိုးကိုရွာသွန်းပေးခဲ့သောကြောင့် မဟာဒုက် သည် ချက်ချင်းလက်ငင်း သူဌေးရာထူး ကို ရရှိခဲ့၏။
မဟာဒုက်ဘဝမှ စုတေခဲ့ပြီးနောက် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် ခုနစ်နှစ်သားဖြင့်ပင်လျှင် ပဋိသမ္ဘိဒါလေး ပါးနှင့်တကွ ရဟန္တာဖြစ်ခဲ့သော 'ပဏ္ဍိတ သာမဏေ'မှာ မဟာဒုက်ပင် ဖြစ်ပါ၏။
မဟာဒုက်ဆွမ်းသည် သံဃိကဒါန စစ်စစ်ဖြစ်၏။ မိမိတို့မဲကျသော သံဃာ တော်တို့အား လှူဒါန်းကြရသောကြောင့် အလွန်မွန်မြတ်လှ၏။ ထို့အပြင် မဟာ ဒုက်ဆွမ်းသည် စာရေးတံမဲဆွမ်းဖြစ်၍ အပယ်မလားကြောင်း နိဗဒ္ဓကုသိုလ်ခုနစ် မျိုး၌ ပါဝင်၏။ ထို့ကြောင့် သံဃိကဒါန စစ်စစ်ဖြစ်သော မဟာဒုက်ဆွမ်းအလှူ ခေါ် စာရေးတံမဲဆွမ်းအလှူကို လှူဒါန်း ကြရန် တိုက်တွန်းလိုက်ရပါ၏။