images
UN
UN
သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပူတာအို၌ အထူးကုဆရာဝန်များက ဒေသခံများအား အခမဲ့ခွဲစိတ်ကုသပေး
ဖုန်ကန်(ပူတာအို) Friday, 11 October 2019

ကချင်ပြည်နယ် ပူတာအိုမြို့တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ ထူးဖောင်ဒေး ရှင်းနှင့်ပူးပေါင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ သည် ယနေ့တွင် ခြောက်ရက်မြောက်နေ့အဖြစ်
ပူတာအိုဒေသခံများအား အခမဲ့ဆေးကုသပေးနေကြောင်း သိရသည်။
ပဉ္စမမြောက်နေ့အထိ သွားနှင့် ခံတွင်းဝေဒနာရှင် ၄ဝ၆ဦး၊ နှုတ် ခမ်းကွဲအာခေါင်ကွဲဝေဒနာရှင် ၃၇ဦး၊ မီးလောင်ဒဏ်ရာဝေဒနာရှင် ၅၉ဦး၊ အမာရွတ်အဖုအကျိတ်ဝေဒနာရှင် ၂၂ဦး စုစုပေါင်းလူနာ ၅၂၄ဦးကိုကုသ ပေးခဲ့ပြီး ယင်းအထဲမှ ဝေဒနာရှင် ၅၇ဦးအား ခွဲစိတ်ကုသမှုများပြုလုပ်ပေးခဲ့ ကြောင်း ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ကျောင်းအုပ်ချုပ် ရေးမှူး ဒေါ်ချာယော်ရဲ့ထံမှ သိရသည်။
အဆိုပါဆေးကုသမှုများကို သီတဂူဆရာတော်ကြီး၏ ဦးဆောင် လမ်ညွှန်မှုဖြင့် ထူးဖောင်ဒေးရှင်းနှင့် ပူးပေါင်းအဖွဲ့များ၏ပံ့ပိုးကူညီမှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံမှ Dr. Patrick Tonnard ဦးဆောင်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ၁၂ဦး၊ မြန်မာနိုင်ငံမှအထူးကုဆရာဝန်ကြီး ခြောက်ဦးတို့က ယခုလ ၆ ရက်မှ ၁၁ရက်အထိ ခြောက်ရက်တိုင်တိုင် ပူတာအိုမြို့ ခုတင် ၁ဝဝဆံ့ဆေးရုံတွင် သွားနှင့်ခံတွင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို နေ့စဉ် ခွဲစိတ်ကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။