images
UN
UN
ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော် ဒုတိယနေ့စည်ကား
မောင်စိန်ဝင်း Friday, 11 October 2019

အစဉ်အလာမပျက် နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သည့် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမအနီးရှိ ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယခုလ ၁ဝ ရက်မှ ၁၄ ရက်အထိ ငါးရက်ဆက်တိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနေသည့်ဒုတိယရက်ဖြစ် သော ယနေ့ညနေပိုင်းမှစတင်၍ လာရောက်လည်ပတ်ကြသော ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်။
ယခုနှစ်အတွက် ဗိုလ်ချုပ်လမ်းမကြီး နှင့်သိမ်ဖြူလမ်းဆုံရာ နေရာတွင် မုခ်ဦး အကြီးတစ်ခုနှင့် ရေကျော်လမ်းတွင် မုခ်ဦး အကြီးတစ်ခုတို့အား ထူးခြားမှုအနေဖြင့် တပ်ဆင်ထားရှိပြီး ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်ဖြစ်သော သိမ်ဖြူမီးပွိုင့်မှ ဗိုလ်တထောင်ဘုရားလမ်းထိပ်အထိ၊ ဗိုလ် ချုပ်လမ်းမကြီးနှင့် ရေကျော်လမ်းဆုံထောင့် မှ အထက်ပုဇွန်တောင်လမ်းထောင့်အထိကို ကလေး၊ လူကြီးအကြိုက် ဈေးရောင်းပွဲ တော်နှင့်ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာရှိနေသည်ကိုတွေ့ရသည်။
ပုဇွန်တောင်မြို့နယ်ရှိ ၇ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁ဝ ရပ်ကွက်၊ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ကျီတော်ရပ်ကွက်နှင့်ဗိုလ်တ ထောင်မြို့နယ်ရှိ ၁ဝ ရပ်ကွက်တို့တွင် ကျင်းပနေသောအဆိုပါ ရေကျော်သီတင်း ကျွတ်မီးထွန်းပွဲတော်အတွင်း နိုင်ငံကျော် အနုပညာရှင်များမှပွဲတော်လာပြည်သူများ အတွက် ယနေ့ညပိုင်းတွင် ဖျော်ဖြေတင် ဆက်ခဲ့ကြသည်။
ပွဲတော်လုံခြုံရေးအတွက် သက်ဆိုင် ရာလမ်းဆုံပွိုင့်များတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက် များရှိ လူငယ်များစုပေါင်းကာ လုံခြုံရေး ဆောင်ရွက်ထားရှိပြီး ပွဲတော်လာပြည်သူ များလုံခြုံမှုရှိစေရန်အတွက် လမ်းများ အလိုက် စီစီတီဗွီမှတ်တမ်းကင်မရာများကို စနစ်တကျတပ်ဆင်ထားရှိကြောင်းသိရသည်။ ထို့အပြင် ပရဟိတအသင်းများမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိနေကြပြီး လမ်းထောင့်များတွင်အရေးပေါ်လူနာတင် ယာဉ်များထားရှိထားသည်ကိုတွေ့ရသည်။
ပွဲတော်စတင်ကျင်းပရက်ဖြစ်သောယခု လ ၁ဝ ရက် ညနေ ၅ နာရီခွဲမှစတင်၍ ည ၈နာရီခွဲအထိ မိုးသည်းထန်စွာရွာသွန်း ခဲ့သဖြင့် ပွဲတော်အတွင်း ဈေးရောင်းချနေ ကြသော ဈေးသည်များအခက်အခဲဖြစ်ခဲ့ ကြရကာ အချို့ဆိုင်များမှာ ဆိုင်ပိတ်ခဲ့ရ သည်အထိရှိခဲ့ကြောင်းသိရပြီး ယနေ့တွင် ရာသီဥအခြေအနေကောင်းမွန်သောကြောင့် လာရောက်လည်ပတ်ကြသောပြည်သူများ ဖြင့်ကြိတ်ကြိတ်တိုးစည်ကားနေခြင်းလည်း ဖြစ်သည်။
No photo description available.