images
UN
UN
ပြည်သူတို့မျှော်လင့်တောင့်တနေသည်မှာ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး
မောင်ကျော်ဟိုး(မဟာဝိဇ္ဇာ) Saturday, 12 October 2019
''ငြိမ်းချမ်းသာယာ၍ နေချင်စရာ ကောင်းသော ကမ္ဘာလောကကြီးတစ်ခု တည်ဆောက်ရန်မှာ လူသားတစ်ဦးချင်း စီ၏အသိဥာဏ်၊ အတွေးအခေါ်နှင့် ထို အသိဥာဏ်အတွေးအခေါ်များမှ ပေါက် ဖွားလာသောအကျင့်စရိုက်တို့အပေါ် လွန် စွာတည်မှီနေပေသည်။''
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဥက္ကဋ္ဌဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယအဖွဲ့)
ငြိမ်းချမ်းရေးချိုးကူသံတွေကြားနေ ရသည်မှာ မင်္ဂလာရှိလှပါသည်။ မြန်မာ ပြည်သူတို့၏ဘဝမျှော်လင့်ချက်များ တိုး တက်ကောင်းမွန်လာလိမ့်မည်ဟု ယူဆပြီး စိတ်အားထက်သန်နေကြသည်။ အားလုံး က တစ်ခုတည်းသောငြိမ်းချမ်းရေးဦး တည်ချက်ထားရှိမည်ဆိုပါက ငြိမ်းချမ်း ရေးခရီးသည် ဖြောင့်တန်းနေပါမည်။ ငြိမ်းချမ်းရေးလုပ်ငန်းကိုလည်း စနစ် တကျကြိုးပမ်းနိုင်ကြဖို့ အစီအစဉ်များချ မှတ်လုပ်ကိုင်ဆောင်ရွက်နေကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက် နက်ကိုင် ၂၁ ဖွဲ့ရှိသည်ဟု ဆိုပါသည်။ ရည်ရွယ်ချက်တွေကလည်း အမျိုး မျိုးရှိနေသည်။ ရှုပ်ထွေးနေသည့် အခြေ အနေကို ကိုင်တွယ်ဖြေရှင်းကြသူများ သည် အရည်အချင်းရှိရန် လိုသည်။ အမြော်အမြင်ကြီးကြီးနှင့်စိတ်ရှည်သည်း ခံဖို့လိုသည်။ အပြောအဆိုအဆက်အဆံ ပြေပြစ်ဖို့လိုသည်။ ညှိနှိုင်းဆွေးနွေးသူ များသည် အလွန်အရေးကြီးပါသည်။ မည်မျှပင် ရှုပ်ထွေးခက်ခဲသည့်ကိစ္စဖြစ် ပါစေ သူတို့ကြောင့် ဖြေရှင်းပြီးမြောက် သွားနိုင်သည်။ ညှိနှိုင်းမှုညံ့ဖျင်းသူတွေ ဖြစ်နေလျှင်ပြဿနာသည် ပိုမိုရှုပ်ထွေး သွားတတ်ပါသည်။
''၂ဝ၂ဝပြည့်နှစ်အတွင်း ငြိမ်းချမ်း ရေးရမယ်လို့ ရည်မှန်းထားတယ်။ ညီလာခံခြောက်လတစ်ကြိမ်ကျင်းပရင် ၂ဝ၁၇ခုနှစ်မှာ နှစ်ကြိမ်၊ ၂ဝ၁၈ခုနှစ်မှာ နှစ်ကြိမ်၊ ၂ဝ၁၉ခုနှစ်မှာ နှစ်ကြိမ်အပြီး လုပ်ရမယ်။ တကယ်တမ်းပြောရရင် အချိန်သိပ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ်ကိုယ့် ကြောင့် ငြိမ်းချမ်းရေးကြီးအောင်မြင်ဖို့၊ ကိုယ်ကြောင့်ငြိမ်းချမ်းရေးညီလာခံကို အနှောင့်အယှက်မဖြစ်ဖို့ သတိထားမယ် ဆိုရင် တာဝန်ကျေတဲ့ အဖိုးတန်နိုင်ငံသား ကောင်းတွေဖြစ်မယ်လို့ပြောချင်ပါတယ်''
သုဝေ
(တို့နိုင်ငံငြိမ်းချမ်းရေးခရီးစဉ် ဆောင်းပါးမှ)
''ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို ထူထောင်ပြီးအပစ်အခတ်ရပ်စဲရေး အတွက် ကြိုးပမ်းခဲ့တဲ့သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ ယခင်အစိုးရရဲ့ငြိမ်းချမ်း ရေးအတွက်ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခုဆက်လက်ပြီး တည် ဆောက်သွားပါမယ်''


ဒေါ်အောင်ဆန်းစုကြည်
(ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ)
မြန်မာ့ငြိမ်းချမ်းရေးကြန့်ကြာနေရသည့် အကြောင်းအရင်းများအား ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ဒုတိယဥက္ကဋ္ဌဦးသုဝေအား မေး မြန်းခြင်းကိုပြန်လည် ဖြေကြားချက်တွင် အောက်ပါတွေ့ရှိရပါသည်။
မေး။ မျှော်လင့်ချက်တွေမြင့်မားကြ တာပေါ့။ မြင့်မားပြီးတော့ တကယ်တမ်း ခရီးမပေါက်ဘူးဖြစ်နေတယ်။ ဒါနဲ့ပတ် သက်ပြီးအန်ကယ်ဘာများပြောစရာရှိလဲ။
ဖြေ။ ''ကျွန်တော်တို့ နှိုင်းယှဉ်ကြည့် တာပေါ့။ သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဆောင်ရွက်ချက်နဲ့ဒေါ်အောင် ဆန်းစုကြည်လက်ထက် ငြိမ်းချမ်းရေး ဆောင်ရွက်ချက်မှာ အများကြီးကွာ တယ်။ အများကြီးကွာတယ်ဆိုတာက ပုံသဏ္ဌာန်မှာ တာဝန်ယူမှုအပေါ်မှာတင် တော်တော်ကွာတယ်။ ဦးသိန်းစိန်လက် ထက်တုန်းက ငြိမ်းချမ်းရေးအဖွဲ့တွေက အဖွဲ့ဝင်တွေကိုယ်တိုင်က လည်းတာဝန် ကိုယ်စီရှိတယ်။ လုပ်ပိုင်ခွင့်တွေပေး ထားတယ်။ လိုအပ်တယ်ဆိုရင်လည်း သမ္မတကြီးဦးသိန်းစိန်ထံ သွားမေးနိုင် တယ်။ လုပ်ပုံလုပ်နည်းတွေက ဒီလို။ ဦးအောင်မင်းဆိုပါတော့ သူက ငြိမ်းချမ်း ရေးတာဝန်ခံ၊ သူကလက်နက်ကိုင်အဖွဲ့ တွေနဲ့သွားတွေ့ရတော့မယ်ဆိုရင် ဒီလက် နက်ကိုင်အဖွဲ့တွေက ဘာတွေမေးနိုင်သ လဲဆိုတာတွက်ထားပြီးသား။ တွက်ပြီး တဲ့အခါကျတော့ ဒါတွေမေးတယ်။ ဘာ ဖြေရမလဲဆိုတာ အဖြေကြိုရှိပြီးသား။ အမေးအဖြေတွေကို သမ္မတကြီးဦးသိန်း စိန်ထံ ကြိုတင် တင်ပြပြီးသား။ ကျွန် တော်တို့တွေ့ရမယ်။ တွေ့ရင်ဒါတွေမေး မယ်။ ဒါတွေမေးရင် ကျွန်တော်ဒါဖြေ ချင်တယ်။ အဲဒီတော့ သမ္မတကြီးဦးသိန်း စိန်က ဒီဥစ္စာ Yes ၊ ဒီဥစ္စာNoဆိုတော့ လက်နက်ကိုင်တွေနဲ့တွေ့တဲ့အခါမှာ ချက် ချင်းပြောနိုင်တယ်။ အဲဒီတော့ တွေ့ရတဲ့ သူတွေကလည်း ကျေနပ်တယ်။ အဖြေ ချက်ချင်းရတယ်လေ။ အခုကျတော့ အဲ ဒီလိုမဟုတ်ဘူး။''
မေး။ အဲဒီလိုမဟုတ်ဘူးဆိုတဲ့အခက် အခဲတွေကို ပြောပြပေးပါလား။
ဖြေ။ အခက်အခဲဆိုတာက ဒီအစိုးရ တစ်ခုလုံးမှာ ငြိမ်းချမ်းရေးတင်မကဘူး အစိုးရအဖွဲ့တစ်ဖွဲ့လုံးမှာ တာဝန်အပြည့် အဝမပေးထားလို့လား။ မလုပ်ရဲတာလား တော့မသိဘူး။ ကျွန်တော်တို့ငြိမ်းချမ်း ရေးအဖွဲ့မှာလည်းပဲ တာဝန်ရှိသူတစ်ဦး ပေါ့ဗျာ။ ကျွန်တော်တို့ဆွေးနွေးတဲ့အခါ ကျရင်အဖြေမပေးရဲဘူးဗျ။ ပြန်ပြန်ပြီး Confirm လုပ်နေရတယ်။ ဖုန်းနဲ့ပြန် မေးနေရတယ်။ ကြာတာပေါ့။ အဲဒါ ကြောင့် အရင်အစိုးရလုပ်တာနဲ့တော်တော် လေးကွာခြားပါတယ်။''
ယခုအခါ ၂ဝ၁၉ ခုနှစ်ကလည်းကုန် ခါနီးနေပြီ။ ငြိမ်းချမ်းရေးကလည်း အ လွန်အရေးပါသည်။ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းရပ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရေးတိုက်တွန်းချက်ကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁ရက်ကထုတ်ပြန်လိုက်သည်မှာ-
''တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံးကလိုလားတောင့်တခဲ့ကြသည့် ခေတ် မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တော်''အား တည်ဆောက်ရာတွင် မည် သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ် မဆို ၄င်းတို့၏လိုအင်ဆန္ဒများကို ဒီမိုက ရေစီနည်းလမ်းတကျသာ တောင်းဆိုရ မည်ဖြစ်သည်။ ဒီမိုကရေစီလမ်းစဉ်၏ ဆန့်ကျင်ဘက်ဖြစ်သော လက်နက်စွဲကိုင် ၍တောင်းဆိုခြင်းများကြောင့် ဖြစ်ပေါ်လာ သည့်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အား ဖြေရှင်းနိုင်ရေးသည် တွေ့ဆုံဆွေး နွေးညှိနှိုင်းအဖြေရှာခြင်းဟု တပ်မတော် ကယုံကြည်သည်။ထို့ကြောင့် တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အား ဆောင်ရွက်ရာတွင် ပါဝင်ပတ် သက်နေသူများအားလုံး ယုံကြည်မှု မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရေး၊ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သမိုင်းတွင် တစ် ခါမျှမရှိခဲ့ဖူးသော တစ်ဖက်သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအား ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂ဝ၁၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တို့တွင် ထုတ်ပြန် ကြေညာ၍ အပစ်အခတ်ရပ်စဲ ပေးခဲ့ပါ သည်။''
''လိုအပ်ချက်များအရ ၂ဝ၁၉ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင်လည်း တတိယအ ကြိမ်ထုတ်ပြန်ကြေညာ၍ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးအား နှစ်လတာထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးခဲ့သည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပထမ အကြိမ်နှင့်ဒုတိယအကြိမ်ပစ်ခတ်တိုက်ခိုက် မှုရပ်စဲထားသည့်ခြောက်လတာကာလ အတွင်းတွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာ ခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ တိုးတက်ခိုင်မာစေရေး ကိုယ်စား လှယ်များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရာ တွင် ပြည်သူလူထုကမျှော်လင့်ထားသ လောက် ခရီးမရောက်ခဲ့ကြောင်း တွေ့ရှိ ရပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ပါတီစုံဒီမိုကရေစီ စနစ်လျှောက်လှမ်းရာတွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေးရည်ရွယ်၍တပ်မ တော်မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်၍လက်နက်ကိုင်လမ်း စဉ်အစား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးပြီးဆွေး နွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းကြ ရန်လိုအပ်မည်ဖြစ်ပါသည်။
''သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအနေ ဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံး ၏လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်း စဉ်အား နည်းမှန်လမ်းမှန်ဖြင့် လျှောက် လှမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တပ်မတော်က ထပ်မံခွင့်ပြု ထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထား သည့် နှစ်လတာကာလအား ယခင်က ထက်ထိထိရောက်ရောက် ပိုမိုအကျိုးရှိစွာ အသုံးပြုသွားနိုင်ပါရန် တိုက်တွန်းအပ်ပါ သည်''ဟူ၍ဖြစ်သည်။
Global Peace Index အရ မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်း ရေးညွှန်းကိန်းတွင် ငြိမ်းချမ်းမှုအဆင့် ၁ဝဆင့်တက်ခဲ့သည်ဟုဆိုပါသည်။ သြစ တြေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက်စီးပွား ရေးနှင့် ငြိမ်းချမ်းရေးသိပ္ပံကGlobal Peace Index 2017 ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညွှန်းကိန်းကို ဇွန်လ ၁ရက် တွင် ထုတ်ပြန်ခဲ့ရာ ကမ္ဘာကြီးတစ်ခုလုံး သည် ယခင်နှစ်ကထက် သုညဒသမ ၂၈ ရာခိုင်နှုန်းပိုမိုငြိမ်းချမ်းလာပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ယခင်နှစ်ကထက် သုည ဒသမဝ၇၉ရာခိုင်နှုန်း ပိုမိုငြိမ်းချမ်းလာ ကာကမ္ဘာတွင်ငြိမ်းချမ်းမှုအဆင့် ၁ဝဆင့် တက်လာခဲ့ကြောင်းဖော်ပြထားသည်။
ကမ္ဘာကြီးသည် လွန်ခဲ့သည့်နှစ် ထက် ၁၃ ဒသမ ၂၈ရာခိုင်နှုန်းသာ ပိုမို ငြိမ်းချမ်းလာကြောင်း တွေ့ရှိရပြီး ယင်း သည်နှိပ်စက်ညှဉ်းပန်းမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများအပါအဝင် အစိုးရများ ကထောက်ပံ့သည့် အကြမ်းဖက်မှုနှင့် လူ သတ်မှုများမြင့်တက်လာသည့်တွန်းအား ကြောင့်ဟု အစီရင်ခံစာ၌ ဖော်ပြထား သည်။
အာဖဂန်နစ္စတန်မှ အမေရိကန်နှင့် ဗြိတိသျှတပ်ဖွဲ့များ ဆုတ်ခွာနေခြင်းသည် လည်း သက်ရောက်မှုရှိခဲ့သည်ဟု ဆိုသည်။
ဆီးရီးယားသည် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံအဖြစ် ငါးနှစ်ဆက်တိုက်တည်ရှိနေသည်။ ပြည်တွင်းစစ်မဖြစ်ပွားမီ ဆီးရီးယားမှ ငြိမ်းချမ်းမှုအနည်းဆုံးစာရင်းတွင် အဆင့် ၆၅ရှိခဲ့သည်။ အခြားသော ငြိမ်းချမ်းမှုအနည်းဆုံးလေးနိုင်ငံမှာ အာဖဂန်၊ အီရတ်၊ တောင်ဆူဒန်နှင့် ယီမင်တို့ဖြစ်သည်။ အငြိမ်းချမ်းဆုံးနိုင်ငံသုံးခုမှာ နယူးဇီလန်၊ ပေါ်တူဂီနှင့် သြစတြေးလျတို့ဖြစ်ကြသည်။
မြန်မာနိုင်ငံသည် ယခင်နှစ်ကထက် သုည ဒသမ ဝ၇၉ ရာခိုင်နှုန်း သာပိုမိုငြိမ်းချမ်းလာပြီး ကမ္ဘာပေါ်တွင် ငြိမ်းချမ်းမှုအဆင့်GPI-104 ရှိသည့်နိုင်ငံအဖြစ် ဖော်ပြခဲ့သည်။ ယင်းသည်ယခင်နှစ်ကထက် ၁ဝဆမြင့် တ