images
UN
UN
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ကြုံတွေ့နေသောစိန်ခေါ်မှုများ
ပြည့်ဖြိုးနိုင် Saturday, 12 October 2019
(ယမန်နေ့မှအဆက်)
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဖွဲ့စည်းခဲ့သော လက်ရှိမြန်မာ အစိုးရ ပေါ်ထွက်လာချိန်တွင် အရပ်ဘက် အဖွဲ့အစည်းများအတွက် အကျပ်အတည်း အချို့ ဖြစ်ပေါ်လာသည့်အပြင် လူမှုရေး၊ နိုင်ငံရေးနှင့်ဆိုင်သောအကြောင်းအရာ များတွင်လည်း တင်းကျပ်မှုများရှိလာ ခဲ့သည်။ လက်ရှိအစိုးရလက်ထက်၌ မီဒီယာများအား တရားစွဲဆိုမှုမြင့်တက် လာခဲ့သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်သူများကိုလည်း တင်းတင်းကျပ် ကျပ်ကိုင်တွယ်မှုများ ပြုလုပ်ခဲ့ကြသည်။နိုင်ငံရေးအကျဉ်းသားဟုဆိုရမည့်သူများ နှင့်ဆိုင်သော ဖြစ်စဉ်များတွင်လည်း ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့သည်။
အရပ်ဘက်နှင့် အရပ်ဘက်မဟုတ်သော အဖွဲ့အစည်းများ
ထိုင်းနှင့် မြန်မာကြားရှိ နယ်စပ် ဒေသများတွင် ၁၉၉ဝ ပြည့်လွန်နှစ်များမှ ၂ဝဝဝ ပြည့်လွန်နှစ်များကြားအတွင်း နိုင်ငံရေးနှင့် လူမှုရေးကိုအခြေခံသော အရပ်ဘက်အဖွဲ့အစည်းများ အားကောင်း လာခဲ့သည်ဟု တွေ့ရှိခဲ့ရသော်လည်း မြန်မာနိုင်ငံအတွင်း၌မူ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အရပ်ဘက်အဖွဲ့အစည်း များ ပျောက်ဆုံးသွားခဲ့သည်ဟုဆိုနိုင် သည်။ ၁၉၉ဝ ပြည့်လွန်နှစ်များတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ တာဝန်ယူထားချိန်၌ ထောက် လှမ်းရေးနှင့်ဆိုင်သော လုပ်ငန်းစဉ်များကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့ခြင်း ကြောင့် ဒီမိုကရေစီအရေးတက်ြ<ွကလှုပ် ရှားသူအများစုအတွက် လုပ်သာကိုင်သာ မရှိသည့်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရ သည့်အပြင် ထောင်ဒဏ်အပြစ်ပေးမှုများ လည်း ပြုလုပ်ခံခဲ့ရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ဆက် နွှယ်နေသူများနှင့် ချိတ်ဆက်ဆောင်ရွက် ရန် မလွယ်ကူသောအနေအထားသို့ ရောက်ရှိနေခဲ့သည်။
၂ဝဝဝ ပြည့်လွန်နှစ်များသို့ရောက်ရှိ လာချိန်တွင် မြန်မာနိုင်ငံအတွင်း၌ အရပ် ဘက်လှုပ်ရှားမှုများ ပြန်လည်အား ကောင်းစပြုလာခဲ့သည်။ ၁၉၈၈ ခုနှစ် တွင်ဖြစ်ပွားခဲ့သော အရေးအခင်းဖြစ်စဉ် များ၌ ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသော ကျောင်းသားအချို့ အကျဉ်းထောင်များမှ ပြန်လည်လွတ် မြောက်လာခဲ့ပြီးနောက်တွင် အရပ်ဘက် လှုပ်ရှားမှုများ ပြန်လည်အားကောင်းလာ ခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အတွင်း၌ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့ကို တည်ထောင်နိုင်ခဲ့ခြင်း သည် မြန်မာနိုင်ငံအတွင်း၌ အရပ်ဘက် အဖွဲ့အစည်းများအား လှုပ်ရှားမှုများ ပိုမို ပြုလုပ်လာစေရန်အတွက် စိတ်ဓာတ် မြှင့်တင်ပေးနိုင်ခဲ့သည်ဟု သတ်မှတ်ကြ သည်။ ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း၌ ၈၈ မျိုးဆက်များက စက်သုံးဆီဈေးနှုန်း များမြင့်တက်လာမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကာ ထိုကဲ့ သို့ပြုလုပ်ခဲ့ခြင်းကြောင့် ခေါင်းဆောင် အများစုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့အပြင် နောက်ဆက်တွဲအနေဖြင့် ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးများက စက်သုံးဆီ ဈေးနှုန်းများ လျှော့ချပေးရန် စုရုံးတောင်း ဆိုသည့်အနေအထားအထိ ရောက်ရှိသွား ခဲ့သည်။
မြန်မာနိုင်ငံအတွင်း၌ ၂ဝဝ၇ ခုနှစ် ကဖြစ်ပွားခဲ့သောဖြစ်စဉ်များကြောင့် ပေါ်ထွက်လာခဲ့သော အပြောင်းအလဲများ သည် မွတ်စလင်အသိုင်းအဝိုင်းအား ဖိအားဖြစ်စေခဲ့သည့် အကျိုးဆက်များ လည်း ပေါ်ထွက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်းယူခဲ့ပြီးနောက် ပြောင်းလဲကျင့်သုံးခဲ့သောစနစ်များနှင့် အတူ ပါဝင်လာခဲ့သည့် ပညာရေးစနစ် ကဲ့သို့ နိုင်ငံသားတိုင်းထိတွေ့ရသည့် စနစ်မျိုးတွင် သင်ရိုးညွှန်းတမ်းများအား ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို ဦးစား ပေးသည့်စနစ်မျိုးသို့ ပြောင်းလဲခဲ့ခြင်း များပါဝင်ခဲ့သည်။ ထိုကဲ့သို့ပြောင်းလဲခဲ့ ခြင်းကြောင့် အခြားဘာသာဝင်များအား ခွဲခြားဆက်ဆံသည့်အသွင်ဖြစ်ခဲ့သည်။ လက်ရှိအသုံးပြုလျက်ရှိသော မြန်မာနိုင်ငံ သားစိစစ်ရေးကတ်ပြားများသည်လည်း ကိုလိုနီခေတ်တွင် အသုံးပြုခဲ့သည့်အရာ အချို့ကို အခြေခံထားသည့်အပြင် အလုပ် အကိုင်ရှာဖွေခြင်းကဲ့သို့ လုပ်ဆောင်ချက် များ၌ ဗုဒ္ဓဘာသာဝင်များအား ဦးစားပေး ရန် ရည်ရွယ်သကဲ့သို့လည်းဖြစ်နေသည်။ ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဖော် ဆောင်ခဲ့သည့် ဆက်သွယ်ရေးကဏ္ဍ အသွင်ကူးပြောင်းမှုများကြောင့် မိုဘိုင်းလ် ဖုန်းများကို ဈေးနှုန်းချိုသာစွာဖြင့် အသုံး ပြုလာနိုင်သည့်အပြင် မိုဘိုင်းလ်ဖုန်းများ ဖြင့် အင်တာနက်အသုံးပြုနိုင်သော အနေ အထားသို့ ရောက်ရှိလာခဲ့သည်။ မြန်မာ နိုင်ငံအတွင်းရှိ သန်းနှင့်ချီသောမိုဘိုင်းလ် ဖုန်းအသုံးပြုသူများထဲတွင် ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သောFacebook အသုံးပြုသူ အရေအတွက်သည် အမြင့်ဆုံးဖြစ်လာခဲ့ သည်။ ဆိုရှယ်မီဒီယာတစ်ခုသာဖြစ်သည့် Facebook အား အသုံးပြုခြင်းကို အင် တာနက်အသုံးပြုခြင်းဖြစ်သည်ဟု ယူဆ နေသူဦးရေမှာလည်း မိုဘိုင်းလ်ဖုန်းအသုံး ပြုသူများထဲတွင် သန်းနှင့်ချီ၍ရှိနေခဲ့ သည်။ ထို့ကြောင့်Facebook ပေါ်မှတစ် ဆင့် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိခဲ့သော သတင်းတုများ၊ ပဋိပက္ခဖြစ်ပွားစေရန် ဖန်တီးမှုများသည် အကျိုးဆက်ကြီးမား သည့်ရလဒ်များ ပေါ်ထွက်စေခဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် တွင် ရခိုင်ပြည်နယ်အတွင်း၌ဖြစ်ပွားခဲ့ သော လူမျိုးရေးနှင့်ဘာသာရေးဖြစ်စဉ် များသည် သတင်းတုများ ပျံ့နှံ့မှုပိုမိုဖြစ် ပေါ်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ် ခဲ့သည့်အပြင် ဗုဒ္ဓဘာသာအမျိုးသားရေး လှုပ်ရှားမှုများ အားကောင်းလာစေရန် ဖန်တီးပေးသည့် အသွင်မျိုးလည်းဖြစ်ခဲ့ သည်။
(Ref; Myanmar’s Top-Down Transition: Challenges for Civil Society By David Brenner and Sarah Schulman)
(ဆက်လက်ဖော်ပြပါမည်)